|
Friday, 24 April 2009 |
နီဗားဒါးပြည်နယ်ဥပဒေအဖွဲ့ကရေးဆွဲလိုက်တဲ့ ဥပဒေမူကြမ်းတစ်ရပ်အရ radio frequency indentification ရဲ့လုံခြုံရေးအားနည်းချက်တွေကို တရားဝင်သုတေသနပြုလုပ်ပါက ပြစ်မှုမြောက်ကြောင်း Electronic Frontier Foundation (EFF) ကကြေညာပါသည်။
ဥပဒေမူကြမ်းမှာဖော်ပြချက်အရ RFID ကတစ်ဆင့် သူတစ်ပါးရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုဖတ်ရှုခြင်း၊ ထိန်းသိမ်းခြင်း စတာတွေပြုလုပ်တဲ့သူတွေဟာ Class 3 အဆင့် ကြီးလေးသောပြစ်မှုကိုကျူး လွန်ရာရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြစ်မှုထင်ရှားရင် ဒဏ်ငွေဒေါ်လာ 10000 နဲ့ထောင်ဒဏ် ၅ နှစ်ကျခံရမှာဖြစ်ပါတယ်။ ဥပဒေကို နီဗားဒါးပြည်နယ်ဆီးနိတ်ဥပဒေပြုရေးကော်မတီက ယခုအပတ်အတွင်း ကြားနာစစ်ဆေးသွားဖို့ရှိပါတယ်။ EFF ကတော့ ဒီဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းအတိုင်းရပ်တည်နေပြီး၊ ရှေ့နေတွေအနေနဲ့ အဲဒီဥပဒေမူကြမ်းကို သေချာစွာသုံးသပ်မှုမပြုရသေးလို့ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် EFF အဖွဲ့အနေနဲ့ ဥပဒေမူကြမ်းရဲ့ မရည်ရွယ်ဘဲဖြစ်ပေါ်လာနိုင်တဲ့အကျိုးသက်ရောက်မှုတွေကိုစိုးရိမ်မိကြောင်း အဖွဲ့ရဲ့အကြီးတန်းရှေ့နေ လီတီယန်ကဆိုပါတယ်။ ဥပဒေမူကြမ်းဟာ တရားဝင်သုတေသနပြုလုပ်မှုတွေကိုဟန့်တားလာပြီး၊ အပြစ်မဲ့သူတွေကို ထောင်ထဲပို့မယ့်အခြေအနေမျိုးကို စိုးရိမ်မိကြောင်း အမြတ်မယူအရပ်သားအခွင့်အရေးအဖွဲ့ EFF ကကြေညာပါတယ်။
|