LG G3 QuickCircle case တွင် ကစားနိုင်မည့် Puppy Pop ဂိမ်း

LG G3 စမတ်ဖုန်း သုံးစွဲသူများသည် ဖုန်း၏ case ကို ဖွင့်စရာမလိုဘဲ ဂိမ်းအသစ်တစ်မျိုးကို ကစားနိုင်ပြီ ဖြစ်သည်။

 

LG G3 QuickCircle case အတွက် ပထမဦးဆုံး ဖြန့်ချိလိုက်သည့် Pyppy Pop မိုဘိုင်းဂိမ်းသည် case ၏ စက်ဝိုင်းပုံ window တွင် ကစားနိုင်စေမည် ဖြစ်သည်။ ၎င်းဂိမ်းကို ကစားသူများသည် screen ပေါ်တွင် သုံးခုထက်ပိုသော တူညီသည့် ခွေးကလေးများကို ဆွဲကာ အချိန်မကုန်မီ ခွေးကလေးများကို အပြီးသတ် ဖယ်ရှားကစားရမည် ဖြစ်သည်။

 

မိုဘိုင်း VR အတွက် Facebook ၏ Oculus နှင့် Samsung တို့ပူးပေါင်း

Facebook က အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ဝယ်ယူခဲ့သည့် virtual reality (VR) ကို တီထွင်သူ Oculus သည် မိုဘိုင်းထုတ်ကုန်များနှင့် သုံးနိုင်သည့် VR headset ကို ဖန်တီးရန်အတွက် Samsung Electronics နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

 

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Samsung သည် Oculus ၏ software နှင့် အထူးပြုလုပ်ထားသည့် hardware တို့ဖြင့် မိုဘိုင်းထုတ်ကုန်များအတွက် ကိုယ်ပိုင် VR headset များကို ဖန်တီးနိုင်မည် ဖြစ်သည်။

 

Twitch streaming site ကို ဝယ်ယူရန် Google စီစဉ်နေ

Google သည် Twitch ဟုခေါ်သော streaming video game ဝန်ဆောင်မှုကို ဝယ်ယူရန် နီးစပ်နေကြောင်း Venturebeat က ဖော်ပြခဲ့သည်။

 

အဆိုပါ သတင်းဖော်ပြချက်အရ Google သည် Twitch ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူရန်အတွက် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

 

သို့သော်လည်း ၎င်းသတင်းဖော်ပြချက်အပေါ် မှတ်ချက်ပေးရန် Google နှင့် Twitch တို့က ငြင်းဆိုခဲ့သည်။

 

1
2
3

MOBILE

Internet Journal

ပြည်တွင်းရှိ Huawei ကုမ္ပဏီမှ ၄င်းတို့၏ ထုတ်ကုန် တစ်ခုဖြစ်သော Huawei Honor 3C ဟန်းဆက် အတုများအား ပြည်တွင်း ဈေးကွက်တွင်
ရောင်းချ နေခြင်းအတွက် အတုနှင့် အစစ်ခွဲခြားခြင်း နည်းစနစ်များနှင့် အတု ရောင်းချ သူများအား အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဆိုသော

EDUCATION

Internet Journal

ဗြိတိသျှကောင်စီမှ ပေးအပ်သော IELTS ပညာသင်ဆုအား မြန်မာနိုင်ငံမှ ဒေါက်တာ သန္တာအောင်မှရရှိခဲ့ပြီး အဆိုပါပညာသင်ဆုမှာ အရှေ့အာရှဒေသတွင် အမြင့်ဆုံး IELTS ပညာသင်ဆုဖြစ်ကြောင်း သိရသည်။ IELTS ပညာသင်ဆုကို Regional Schlorship (မြန်မာကျပ်ငွေ သိန်း ၄၁၅ ခန့်) ကို ဒေါက်တာသန္တာအောင်မှ ရရှိခဲ့ပြီး Country Schlorship (မြန်မာကျပ်ငွေ ၄၁ သိန်းခန့်) အား မောင်စောမယ်လ်ဗင်ကို လေး

ELECTRONICS

Internet Journal

ပြီးခဲ့သည့် ရက်အနည်းငယ်က Ubisoft ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်ကဲ့သို့ပင် သုံးလအတွင်း ဂိမ်းခွေရောင်းချရမှုမှာ ၃၇၄ ရာခိုင်နှုန်းရှိလာကြောင်း ကြေညာခဲ့သည်။
 

TECH INSIDE

Internet Journal

 CDMA 800ဖုန်းကတ်တွေနဲ့ အဆင်ပြေစေမယ့် Lenovo ရဲ့ တန်ဖိုးနည်း ဖုန်းမော်ဒယ် A-710 ဈေးကွက် ဝင်ရောက်လာပါတယ်။ 73 ရော၊ 31 ပါ သုံးနိုင်ပါတယ်။ မျက်နှာပြင် အကျယ် ၄ လက်မ ရှိပါတယ်။ Internal Storage Memory  2GB ပါဝင်ပြီး Micro SD ကတ်ထပ်စိုက်ကာ အသုံးပြုနိုင်ပါတယ်။ RAM 512MB  ပါဝင်ပါတယ်။ Android 4.0.4 ထည့်သွင်း အသုံးပြုထားပြီး Dual Core CPU နဲ့ ဖြစ်ပါတယ်။ 3G စနစ်ဖြစ်ပြီး Wireless စနစ်အတွက် Bluetooth, Wi-Fi

CAREER INFO

နေပြည်တော် ပျဉ်းမနားမြို့တွင် ဖွင့်လှစ်ထားသော GMC (Gold Medallist Choice) LCCI, ACCA Training Center မှ တန်းခွဲသစ်များကို  ဇွန်လ ၂၃ ရက်နေ့တွင် စတင် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ် ကြောင်း သိရသည်။

 

GAME REVIEW

Publisher Bandai Namco Games ရဲ့ Enemy Front ဂိမ်းသစ်ဟာ Modern နှင့် Futuristic shooter ဂိမ်းတွေ အများကြီးထွက်နေတဲ့ ကြားထဲမှာ ၁၉၉၀ နှင့် ၂၀၀၀ ခုနှစ် အစောပိုင်းက ဂိမ်းတွေလိုမျိုး ဒုတိယကမ္ဘာစစ် World War II ကာလမှာ ပြန်လည် နေရာယူထားတဲ့ဂိမ်းတစ်ခုဖြစ်ပြီး Crysis ဂိမ်းတွေကို ရေးသားတဲ့ Cry Engine 3 ကို အ

CAMERA

Nikon D5300 ကင်မရာက ရုပ်ထွက်အရည်အသွေးကို 24.2MP  ထိ ရရှိနိုင်မှာဖြစ်ပြီး 14 bits CMOS Image Sensor ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ ISO ကို 100-12800 ထိ ရရှိနိုင်မှာဖြစ်ပြီး 25600 ထိ တိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆက်မပြတ်ရိုက်ကူးမှုကို 5fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုကို 1080/60p

IJ CARTOON

Subscribe to Front page feed