|
Thursday, 15 March 2012 15:59
|
|

နိုင်ငံတကာဈေးကွက်မှာ လူကြိုက်များပြီး ဈေးနှုန်းအထူးသက်သာတယ်လို့ဆိုနိုင်တဲ့ Canon အမှတ်တံဆိပ် A-2200 ကို ရွေးချယ်သုံးသပ်လိုက်ပါတယ်။ ပြည်တွင်းဈေးကွက်ကို ပြီးခဲ့တဲ့တစ်ပတ်ကမှ ရောက်ရှိလာတဲ့ ကင်မရာဖြစ်ပြီး ဆန်းသစ်တဲ့အရောင်အသွေးတို့နဲ့ လှပသေသပ်စွာ ဖွဲ့စည်းတည်ဆောက်ပေးထားတာကို တွေ့ရပါတယ်။
အပျော်တမ်းနဲ့ မိသားစုအသုံးပြုရန် အဆင်ပြေစေနိုင်ပြီး လူငယ်များအနေနဲ့လည်း အကြိုက်တွေ့နှစ်သက်ကြမယ်ထင်ပါတယ်။
အားသာချက် ပုံရိပ်ကြည်လင်ပြတ်သားမှုအတွက် စွမ်းဆောင်ပေးတဲ့ Mega-pixels ဟာ ၁၄.၀ ပါဝင်ပါတယ်။ Compact ကင်မရာတစ်လုံးအတွက်များတဲ့ Megapixels ဖြစ်ပါတယ်။ အပျော်တမ်းအသုံးပြုဖို့အတွက်ဆိုရင်လည်း အဆင်ပြေစေနိုင်ပါပြီ။ CCD ဆင်ဆာကို အသုံးပြုပေးထားတာတွေ့ရပါတယ်။ LCD Screen ဟာ ၂.၇ လက်မရှိတာကြောင့် ကြီးမားတယ်လို့မဆိုနိုင်ပေမယ့် အတော်အသင့်ရှိတဲ့ Screen အရွယ်အစားဖြစ်ပါတယ်။ လက်တုန်ခါမှုကြောင့်ဖြစ်ပေါ်တတ်တဲ့ ပုံရိပ်ဝါးသွားခြင်းမျိုးကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီကင်မရာကို အသုံးပြုသူများအနေနဲ့ စိတ်ကျေနပ်မှု အပြည့်အ၀ရရှိကြမယ်လို့ ထင်ပါတယ်။ အပျော်တမ်းအတွက် Face detection, IA, နဲ့ တခြားလုပ်ဆောင်ချက်များစွာကိုလည်း ထည့်သွင်းပေးထားပါတယ်။
အားနည်းချက် ဒီကင်မရာရဲ့ Zoom ဆွဲအားကိုကြည့်မယ်ဆိုရင် Auto ကင်မရာတစ်လုံးအနေနဲ့ နည်းတယ်လို့ဆိုရမှာပါ။ 4X Optical Zoom ပဲပါဝင်ပါတယ်။ ကင်မရာမှာ View Finder လည်းပါဝင်ခြင်းမရှိပါဘူး။ ဒါတွေကတော့ ဒီကင်မရာအားနည်းချက်တချို့ပါ။ နောက်အားနည်းချက်တစ်ခုကတော့ Movie ကို Full HD အရည်အသွေးနဲ့ ရိုက်ကူးနိုင်ခြင်းမရှိသလို HDMI ပေါက်လည်း ပါဝင်တာမတွေ့ပါဘူး။ ဒါ့အပြင် ယခုခတ်စားနေတဲ့ Panorama စနစ်ကိုလည်း ထည့်သွင်းဖန်တီးပေးထားခြင်း မရှိပါဘူး။
သုံးသပ်ချက် စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက် အသင့်တင့်ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာနဲ့ ထုတ်လုပ်ရောင်းချပေးထားတဲ့ ကင်မရာဖြစ်တာကြောင့် အပျော်တမ်းနဲ့ မိသားစုအသုံးပြုဖို့ အထူးသင့်လျော်တဲ့ ကင်မရာတစ်လုံးဖြစ်ပါတယ်။ ကင်မရာရဲ့ ဖွဲ့စည်းပုံဒီဇိုင်းကတော့ ရိုးရှင်းလှပါတယ်။ ကင်မရာရဲ့ အသုံးပြုမှုစနစ်များကို လွယ်ကူစွာနဲ့ ကိုင်တွယ်အသုံးပြုနိုင်မှာဖြစ်တာကြောင့် အသုံးပြုသူများအနေနဲ့ စိတ်ကျေနပ်မှု အပြည့်အ၀ရရှိကြလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ Function တွေကိုလည်း Auto စနစ်များနဲ့ စွမ်းဆောင်ရည်ပြည့် အသုံးပြုနိုင်အောင် အကောင်းဆုံးဖန်တီးထုတ်လုပ်ထားတဲ့ ကင်မရာတစ်လုံး ဖြစ်ပါတယ်။
|