Electronic News
PS 2 Record Control System ထွက်ရှိ
Monday, 12 March 2012 22:42

မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် PS2 Game Station များ၏ ၅၀ ရာခိုင်နှုန်းမှာ Server နည်းပညာကို အသုံးပြုနေကြသူများ ဖြစ်လာသည့်အတွက်ကြောင့် အချိန်သတ်မှတ်ပေးထားသော Software တစ်ခုလည်း လိုအပ်လာပြီဖြစ်ကြောင်း၊

 

အဆိုပါလိုအပ်ချက်အတွက် PHYO Sony Game မှ PS2 Record Control System (PS2RCS) ကို တီထွင်ဖန်တီးလိုက်ကြောင်း သိရသည်။ “PS2RCS Software ကို အသုံးပြုခြင်းအားဖြင့် ဂိမ်းဆိုင်ပိုင်ရှင်များကိုယ်တိုင် ထိုင်စောင့်စရာမလိုခြင်း၊ လူပင်ပန်းသက်သာခြင်း၊ ဂိမ်းဆိုင်အတွက် တစ်ရက်စုစုပေါင်းဝင်ငွေကို အတိအကျကြည့်ရှုနိုင်ခြင်း၊ စက်တစ်စက်စီ၏ ၀င်ငွေများကို ပြန်လည်ကြည့်ရှုနိုင်ခြင်း၊ ၀င်ငွေများကိုလည်း ပိုင်ရှင်တစ်ယောက်တည်း ကြည့်ရှုနိုင်အောင် Password ပေး၍ပိတ်ထားနိုင်ခြင်း၊ စာအုပ်များနှင့် ကစားချိန်များကို မှတ်စရာမလိုတော့ဘဲ ကွန်ပျူတာတွင် ကစားချိန်အတိအကျမှတ်ပေးခြင်း၊ အချိန်ကုန်သက်သာခြင်း၊ အလုပ်လုပ်ရာတွင် ပိုမိုလွယ်ကူခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါတယ်” ဟု PHYO Sony Game မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ PS2RCS Software ကိုအသုံးပြုလိုသူများနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုသူများအနေဖြင့် PHYO SONY GAME (MDY) ဖုန်း-၀၂-၃၃၄၃၁၊ ၀၉-၂၀၀၅၅၃၅၊ ၀၉၂၀၃၂၅၈၄ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

ရေးသားသူ -ကိုအောင်

 

 

LATEST NEWS