iPhone နှင့်ဆင်တူသော Mi 4 စမတ်ဖုန်းကို Xiaomi မိတ်ဆက်

နာမည်ကျော် တရုတ် စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်သော Xiaomi သည် Apple ၏ iPhone နှင့် အလွန်တူညီသော Mi 4 စမတ်ဖုန်းသစ်ကို မိတ်ဆက်ပေးခဲ့သည်။

 

Xiaomi Mi 4 တွင် 2.5GHz quad-core Qualcomm Snapdragon 801 processor, 3GB RAM, 16/64GB onboard storage နှင့် 4G ဆက်သွယ်မှုစနစ်တို့ ပါဝင်သည်။

 

၅ လက်မ full-HD (1,920x1,080-pixel) display ကို အသုံးပြုထားပြီး အရွယ်ကြီးမားသည့် 3,080mAh ဘက်ထရီက တစ်နာရီတွင် ၀ မှ ၆၀ ရာခိုင်နှုန်းအထိ အလျင်အမြန် အားသွင်းပေးနိုင်မည်ဟု Xiaomi က ပြောကြားခဲ့သည်။

 

ခိုးယူထားသည့် ဝတ်စုံဖြင့် ရိုက်ကူးထားသောဓာတ်ပုံကို Facebook တွင် တင်ခဲ့သူ ဖမ်းဆီးခံရ

အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးသည် ၎င်းခိုးယူထားသည့် ဝတ်စုံဖြင့် ဓာတ်ပုံရိုက်ကူးပြီး Facebook တွင် တင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

အသက် ၂၇ နှစ်အရွယ် ဒန်နီရယ်လီ ဆက်ဇ်တန်ဆိုသည့် အမျိုးသမီးသည် အီလီနွိုက်စ်ပြည်နယ်၊ ဖရန့်ဖို့တ် အနောက်ပိုင်းရှိ Mortie's Boutique ဆိုင်မှ ပျောက်ဆုံးသွားခဲ့သော ဝတ်စုံကို ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကာ Facebook တွင် တင်ခဲ့ပြီး နာရီပိုင်းအကြာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 

နှစ်ယောက်စီးစမတ်ကား ဗားရှင်းသစ်ကို Daimler မိတ်ဆက်

ပြီးခဲ့သည့် ရက်အနည်းငယ်က Daimler ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒိုင်တာဇက်ခ်ျသည် ဘာလင်မြို့ရှိ Tempodrom စင်တာတွင် Fortwo စမတ်ကားသစ်ကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗားရှင်းသစ်ကား၏ အရွယ်အစားမှာ  အရှည်  ၂.၇ မီတာ သို့မဟုတ် ၈ ပေ ၁၀ လက်မသာရှိပြီး အနည်းငယ် ဘေးသို့ပြန့်ကားနေကြောင်း သိရသည်။ ထို့အပြင် ယခုကားတွင် ယခင်ဗားရှင်းဟောင်းကားတွင် မပါဝင်သည့်  ရှေ့ပေါင်းမိုးလည်း ပါဝင်လာသည်။ ဆန်းစစ်သူများက ယခုစမတ်ကားများသည် ကုမ္ပဏီကိုအမြတ်ငွေများစွာ ရရှိရန်လုပ်ဆောင်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

 

1
2
3

MOBILE

Internet Journal

ပြည်တွင်းရှိ Huawei ကုမ္ပဏီမှ ၄င်းတို့၏ ထုတ်ကုန် တစ်ခုဖြစ်သော Huawei Honor 3C ဟန်းဆက် အတုများအား ပြည်တွင်း ဈေးကွက်တွင်
ရောင်းချ နေခြင်းအတွက် အတုနှင့် အစစ်ခွဲခြားခြင်း နည်းစနစ်များနှင့် အတု ရောင်းချ သူများအား အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဆိုသော

EDUCATION

Internet Journal

နိုင်ငံတကာ ကျောင်းများနှင့် နိုင်ငံတကာ သင်ရိုးဖြင့် သင်ကြားသော ပြည်တွင်း ပုဂ္ဂလိက ကျောင်းများမှ ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာ ကျောင်းများနှင့် ဝန်ကြီးဌာန မှခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများတွင် ပြောင်းရွှေ့ပညာ သင်ကြားလိုသူများအတွက် Placement Test ဖြေဆိုရန် လျှောက်လွှာများကို ဒုတိယအကြိမ်မြောက် ခေါ်ယူ မည်ဖြစ်ကြောင်း သိရသည်။ လျှောက်ထားလိုသူများသည် ၂၀၁၄ ခုနှစ် ဇွန်လတွင်

ELECTRONICS

Internet Journal

ပြီးခဲ့သည့် ရက်အနည်းငယ်က Ubisoft ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်ကဲ့သို့ပင် သုံးလအတွင်း ဂိမ်းခွေရောင်းချရမှုမှာ ၃၇၄ ရာခိုင်နှုန်းရှိလာကြောင်း ကြေညာခဲ့သည်။
 

TECH INSIDE

Internet Journal

 CDMA 800ဖုန်းကတ်တွေနဲ့ အဆင်ပြေစေမယ့် Lenovo ရဲ့ တန်ဖိုးနည်း ဖုန်းမော်ဒယ် A-710 ဈေးကွက် ဝင်ရောက်လာပါတယ်။ 73 ရော၊ 31 ပါ သုံးနိုင်ပါတယ်။ မျက်နှာပြင် အကျယ် ၄ လက်မ ရှိပါတယ်။ Internal Storage Memory  2GB ပါဝင်ပြီး Micro SD ကတ်ထပ်စိုက်ကာ အသုံးပြုနိုင်ပါတယ်။ RAM 512MB  ပါဝင်ပါတယ်။ Android 4.0.4 ထည့်သွင်း အသုံးပြုထားပြီး Dual Core CPU နဲ့ ဖြစ်ပါတယ်။ 3G စနစ်ဖြစ်ပြီး Wireless စနစ်အတွက် Bluetooth, Wi-Fi

CAREER INFO

နေပြည်တော် ပျဉ်းမနားမြို့တွင် ဖွင့်လှစ်ထားသော GMC (Gold Medallist Choice) LCCI, ACCA Training Center မှ တန်းခွဲသစ်များကို  ဇွန်လ ၂၃ ရက်နေ့တွင် စတင် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ် ကြောင်း သိရသည်။

 

GAME REVIEW

Publisher Bandai Namco Games ရဲ့ Enemy Front ဂိမ်းသစ်ဟာ Modern နှင့် Futuristic shooter ဂိမ်းတွေ အများကြီးထွက်နေတဲ့ ကြားထဲမှာ ၁၉၉၀ နှင့် ၂၀၀၀ ခုနှစ် အစောပိုင်းက ဂိမ်းတွေလိုမျိုး ဒုတိယကမ္ဘာစစ် World War II ကာလမှာ ပြန်လည် နေရာယူထားတဲ့ဂိမ်းတစ်ခုဖြစ်ပြီး Crysis ဂိမ်းတွေကို ရေးသားတဲ့ Cry Engine 3 ကို အ

CAMERA

Nikon D5300 ကင်မရာက ရုပ်ထွက်အရည်အသွေးကို 24.2MP  ထိ ရရှိနိုင်မှာဖြစ်ပြီး 14 bits CMOS Image Sensor ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ ISO ကို 100-12800 ထိ ရရှိနိုင်မှာဖြစ်ပြီး 25600 ထိ တိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆက်မပြတ်ရိုက်ကူးမှုကို 5fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုကို 1080/60p

IJ CARTOON

Subscribe to Front page feed