International News
ဆွီဒင်အစိုးရ၀က်ဘ်ဆိုက်ကို ဟက်ကာများတိုက်ခိုက်ခဲ့
Sunday, 12 February 2012 19:57

ဟက်ကာအဖွဲ့တစ်ခုဖြစ်သော Anonymous သည် ဆွီဒင်အစိုးရ၏၀က်ဘ်ဆိုက်ကို အချိန်ကြာမြင့်စွာ ကြည့်ရှု၍မရစေရန် ပြုလုပ်ခြင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အဆိုပါဟက်ကာအဖွဲ့သည် ဆွီဒင်အစိုးရ၀က်ဘ်ဆိုက်ကို တိုက်ခိုက်ရာတွင်

 

denail-of-service (DoS) တိုက်ခိုက်မှုကိုအသုံးပြုခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း Anonymous ဟက်ကာအဖွဲ့မှ ပြောကြားခဲ့သည်။ အစိုးရမှပြောရေးဆိုခွင့်ရှိသူ Jacob Lagercranser ကမူ ဆွီဒင်အစိုးရဌာနအားလုံးအသုံးပြုသည့် ၀က်ဘ်ဆိုက်တိုက်ခိုက်ခံရကြောင်း အတည်ပြုပြောကြားခဲ့ပြီး လုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့်ရက်အနည်းငယ်ခန့်ကလည်း Anonymous ဟက်ကာအဖွဲ့သည် FBI နှင့် ဗြိတိန်၏ မှုခင်းစုံစမ်းရေးဌာနချုပ်တို့မှပြုလုပ်သည့် private conference call တစ်ခုအား hack ခဲ့ပြီး ၁၅ မိနစ်ကြာမြင့်သည့် အဆိုပါဖုန်းခေါ်ဆိုမှုကို အင်တာနက်ပေါ်တွင်လွှင့်တင်ခဲ့ကြောင်း သိရသည်။

ရေးသားသူ - နောင်နောင်
Ref: AP

 

 

LATEST NEWS