|
Tuesday, 24 February 2009 |
|
မြို့ထဲရှိကားလမ်းမများပေါ်တွင် ယာဉ်တိုက်မှုအကြီးအကျယ်ပြုလုပ်ခြင်းကို ဂိမ်းထဲတွင်လုပ်ဆောင်ကစားချင်တဲ့သူတွေအတွက် Burnout Paradise အမည်ရှိတဲ့ ဂိမ်းခွေတစ်မျိုး ဈေးကွက်ထဲကိုဝင်ရောက်လာပါတယ်။ ဂိမ်းရဲ့ Developer ကတော့ Criterion Games ဖြစ်ပြီးတော့ Publisher ကတော့ EA ဖြစ်ပါတယ်။ Driving Action Game အမျိုးအစားဖြစ်ပြီး 2009 ဖေဖော်ဝါရီလ 5 ရက်နေ့မှာစတင် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ Burnout Game ဟာဆိုရင် PC မှာ မထုတ်ဖူးသေးတဲ့ဂိမ်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။
အခုအခါမှာတော့ ထူးဆန်းစွာနဲ့ PC ဂိမ်းမှာပထမဆုံးစတင်ဖြန့်ချိခဲ့တာဖြစ်ပါ တယ်။ Console တွင်ပါဝင်သော Game Play အကုန်ပါဝင်ပြီး Cagney နှင့် Bikes Content Update ပါဝင်ပါတယ်။ Offline Multi Player mode အသစ်ပါဝင်ပါတယ်။ ယခုစီးရီးမှာ Paradise မြို့ကိုစစ်မြေပြင်အဖြစ် နောက်ခံထားထားပါတယ်။ အထူးတလည်အကွက်ဆင်ထားသော ကားလမ်းမပေါ်မှာရှိတဲ့ Heavy Traffic ကို အလွဲသုံးစားလုပ်ပြီးယာဉ်တိုက်မှု အကြီးအကျယ်ပြုလုပ်နိုင်ပါတယ်။ ဂိမ်းတွင်ပါဝင်သော လမ်းဆုံလမ်းခွတိုင်းဟာယာဉ်တိုက်မှုဖြစ်ပွားနိုင်သော နေရာများဖြစ်ပါ တယ်။ ဒီဂိမ်းကိုကစားမယ်ဆိုရင် မိမိကွန်ပျူတာဟာ Windows XP ဒါမှမဟုတ် Vista ရှိဖို့လိုအပ်ပါတယ်။ Memory အနေနဲ့ကတော့ Windows XP အတွက် 1 GB လိုအပ်ပြီး Windows Vista အတွက် 2 GB လိုအပ်ပါတယ်။ VGA အနေနဲ့ Geforce 6500 with 256 MB V RAM လိုအပ်ပြီး Hard Disk အနေနဲ့ကတော့ 4 GB လိုအပ်မှာဖြစ်ပါတယ်။ အဆိုပါဂိမ်းကို ကစားချင်သူတွေအနေနဲ့ Active Media စီဒီဆိုင်မှာ ၀ယ်ယူကစားနိုင်မှာဖြစ်ပါတယ်။
|