Gadgets
ရေနံယိုဖိတ်မှုကို ရှင်းလင်းပေးမည့် စက်ရုပ် Print E-mail
Thursday, 02 September 2010 21:41

မက္ကဆီကိုပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ ရေနံယိုဖိတ်မှုပြဿနာကို ဖြေရှင်းဖို့ ယခုအခါမှာ MIT မှာရှိတဲ့ သုတေသနဌာနက

ရေမျက်နှာပြင်ပေါ်မှာ ယိုဖိတ်နေတဲ့ ရေနံတွေကို ရှင်းလင်းနိုင်တဲ့ စက်ရုပ်တစ်မျိုးကို တီထွင်လိုက်ပါတယ်။ ၁၆ ပေရှည်ပြီး ၇ ပေကျယ်တဲ့ နာနိုစက္ကူအသုံးပြုပြီးတော့ ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ဒီစက်ရုပ်ဟာ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားပြီး ၀ပ် ၁၀၀ လောက်ရအောင် အလုပ်လုပ်နိုင်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ရေနံယိုဖိတ်မှုကို ရှင်းလင်းပေးနိုင်မယ်လို့ ယူဆနေကြပါတယ်။ ၎င်းစက်ရုပ် ၅၀၀၀ လောက်သုံးပြီး ရှင်းခဲ့မယ်ဆိုရင် ခဏအတွင်း ရှင်းလင်းသွားမယ်လို့ ယူဆနေကြပါတယ်။ စက်ရုပ်ကို GPS နဲ့ Wi-Fi စနစ်အသုံးပြုပြီး ဆက်သွယ်ခိုင်းစေမှာ ဖြစ်ပါတယ်။

 

 

LATEST NEWS

IJ CARTOON