|
Friday, 02 July 2010 14:37
|
|

3D နည်းပညာတွေမှိုလိုပေါက်စပြုလာတဲ့ ယနေ့ကာလတွေမှာ ဒီနည်းပညာနဲ့အတူ 3D မျက်မှန်တွေကလည်း တွဲဖက်ပြီးထင်ရှားလာပါတယ်။
သို့ပေမယ့် Samsung TV တွေမှာကြည့်နိုင်တဲ့ မျက်မှန်က Panasonic TV တွေမှာ အလုပ်မလုပ်နိုင်ပါဘူး။ ဒီမျက်မှန်ကတော့ အထက်ပါဖြစ်စဉ်တွေကို ချိုးဖျက်လိုက်ပြီး ဘယ် 3D TV တွေမှာမဆို ကြည့်နိုင်အောင်စီမံပေးထားပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၂၅၀ တောင် ပေးရမှာပါ။ ဒါပေမဲ့လည်း ဘယ် 3D TV မှာမဆိုကြည့်နိုင်တာကတော့ အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒီမျက်မှန်ရဲ့တန်ဖိုးဟာ နောက်တစ်လက်ထပ်ဝယ်ရင် ဈေးလျှော့ရယူနိုင်မှာပါ။
|