|
Friday, 02 July 2010 14:00
|
|

Tron ကထုတ်လိုက်တဲ့ကီးဘုတ်ပါ။ အခြားသောကီးဘုတ်တွေနဲ့ ဒီဇိုင်းပိုင်းမှာ ကွဲပြားအောင်ပြုလုပ်ထားပါတယ်။
ကီးဘုတ်မှာ မီးလေးတွေပါဝင်အောင် စီမံထားပါတယ်။ အလှအပနဲ့ စိတ်ကူးယဉ်အိမ်မက်ထဲက ကမ္ဘာလေးဖြစ်အောင်စီမံပေးထားတာပါ။ ဒီကီးဘုတ်ကို ကန်ဒေါ်လာ ၁၃၀ သတ်မှတ်ထားပါတယ်။ ဒီကီးဘုတ်နဲ့အတူ Laser mouse ကိုပါ တွဲဖက်ရောင်းချမှာလို့သိရပါတယ်။ ကီးဘုတ်နဲ့ Keypad တို့က တစ်ကန့်စီလို့ထင်ရပေမယ့် တကယ်တော့တစ်ဆက်တည်းရှိနေတာပါ။ သိပ်ပြီးမထူးခြားပေမယ့်လည်း ကြိုးမဲ့စနစ်သုံး ကီးဘုတ်တစ်မျိုးအဖြစ် ရိုးရိုးရှင်းရှင်းလေး ဈေးကွက်ထဲကို ၀င်လာပါတယ်။ ဒီကီးဘုတ်ဟာဆို ရင် အခြားသောကြိုးမဲ့ကီးဘုတ်များထက် function ပိုင်းဆိုင်ရာမှာ ပိုမိုပါဝင်သင့်ပေမယ့် ဒီအချက်တွေမရှိပါဘူး။
|