|
Thursday, 24 June 2010 21:42
|
|

AAXA Technologies ရဲ့ P2 Pico ပရောဂျက်တာပါ။ လိုအပ်သလို ရွှေ့လျားလို့ရပါတယ်။
လက်ကိုင်ဖြစ်တဲ့အတွက် အားသာချက်တွေက ခရီးဆောင်အဖြစ်သုံးလို့ရတာပါ။ ရုပ်ပုံတွေကိုချိန်ပြီးပြလို့ရပါတယ်။ လေဆာဟာ အတော်ကောင်းမွန်တာကြောင့် ဝေးကွာတဲ့နေရာတွေအထိထားပြီး ပြသသုံးစွဲနိုင်ပါတယ်။ နည်းပညာပိုင်းမှာကောင်းမွန်အောင် စီမံထားတာကြောင့် တစ်ခုမှာချိန်ပြီးတင်ထားလည်း အဆင်ပြေသလို လက်နဲ့ကိုင်ပြီးပြလည်း အဆင်ပြေပါတယ်။ ဗီဒီယိုကြိုးတွေနဲ့ USB port ပါသလို microSD solt တွေလည်းပါရှိပါတယ်။ 800x600 SVGA resolution ရှိပါတယ်။ ရောင်းဈေးက ကန်ဒေါ်လာ ၅၉၉ ဒေါ်လာပါ။
|