|
Friday, 02 April 2010 13:24
|
|

အကယ်၍ သီချင်းစာရွက်သို့မဟုတ် သီချင်းသင်္ကေတစာတွေကို မဖတ်တတ်ခဲ့လျှင်တောင်မှ ဒီဘောပင်လေးက သင့်ကိုကူညီပါလိမ့်မယ်။
Piano Learning Pen လို့ခေါ်တဲ့ ဒီဘောပင်လေးက သီချင်းသင်္ကေတတွေကို မှန်ကန်စွာတီးခတ်နိုင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ပေးထားတာပါ။ ဒီပစ္စည်းလေးမှာ ကင်မရာနဲ့ image recognition နည်းပညာကို ပေါင်းစပ်ထည့်သွင်းပေးထားပါတယ်။ သီချင်းသင်္ကေတတွေကို အထူးပြုလုပ်ထားတဲ့ ကင်မရာနဲ့ကြည့်ပြီး သီချင်းသင်္ကေတတွေကိုဖတ်ကာ သီချင်းအဖြစ်ဖန်တီးနိုင်အောင် စီမံပေးထားတာဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂၀.၆၉ ဒေါ်လာဖြစ်ပါတယ်။
|