|
Tuesday, 23 March 2010 13:37
|
|

Adesso ရဲ့ CyberPad A4 ဟာ iPad လိုမဟုတ်ပေမယ့် အတော်ကိုအသုံးဝင်ပါတယ်။ စာအုပ်မှာ စာရေးသလိုမျိုး ရေးခြစ်မှတ်သားထားနိုင်ပါတယ်။
ရုပ်ပုံတွေလည်း ရေးခြစ်နိုင်ပါတယ်။ Laptop တွေ (သို့မဟုတ်) Netbook တွေဟာ စာသင်ခန်းမှာ ဆရာမကပုံတွေဆွဲပြတာနဲ့ သင်္ချာပုံသေနည်းတွေ ရေးပြတာကို လိုက်မှတ်ရတဲ့အခါ အသုံးမ၀င်တော့ပါဘူး။ သို့သော်လည်း Cyberpad A4 ကတော့ ဒီဂျစ်တယ်ဘောပင်လေးနဲ့ လိုက်မှတ်ရေးခြစ်တာတွေ ပြုလုပ်နိုင်တဲ့အတွက် ဒီနေရာမှာ အတော်အသုံးဝင်ပါတယ်။ ပြီးတော့ 32MB ပမာဏရှိတဲ့ Internal Memory ပါတဲ့အတွက် အဲ့ဒီလိုရေး မှတ်ထားတာနဲ့ ပုံဆွဲတာတွေကို သိမ်းဆည်းထားနိုင်ပါတယ်။ 32MB နဲ့မလောက်ခဲ့လျှင်လည်း SD slot နဲ့ reader ပါတဲ့အတွက် အဆင်ပြေပါတယ်။ ကွန်ပျူတာကို USB နဲ့ဆက်သွယ်နိုင်အောင် စီမံထားပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၆၀ ဖြစ်ပါတယ်။
|