Gadgets
ဟွန်ဒါရဲ့ ယာဉ်မောင်းလေ့ကျင့်မှုပစ္စည်း Print E-mail
Wednesday, 17 March 2010 11:04

ယာဉ်မောင်းတာကို သင်ကာစသူတွေ၊ စတင်လေ့ကျင့်ကာစ လူတွေနဲ့ ဂိမ်းအဖြစ်ကစားလိုသူတွေအတွက် ဟွန်ဒါက ထုတ်လုပ်ပေးလိုက်တဲ့ပစ္စည်းပါ။

လေယာဉ်မမောင်းခင် လေ့ကျင့်သလိုပဲ ဒီကားမောင်းလေ့ကျင့်တဲ့ပစ္စည်းကို ယာဉ်မမောင်းခင် အစမ်းလေ့ကျင့်နိုင်ပါတယ်။ ဒီလို လေ့ကျင့်တဲ့အတွက် တစ်ကယ်တမ်းယာဉ်မောင်းတဲ့နေရာမှာ ကြုံတွေ့ရမယ့် အန္တရာယ်တွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ၎င်းမှာ LCD display သုံးခုပါရှိပြီး အပြင်မှာ တကယ်မောင်းနေတဲ့ပုံစံမျိုး မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီလိုမောင်းနှင်တဲ့နေရာမှာ ညပိုင်းမောင်းနှင်တဲ့ပုံစံ၊ နှင်းကျစဉ်မောင်းနှင်တဲ့ပုံစံနဲ့ အမြန်လမ်းမကြီးပေါ်မှာ မောင်းနှင်တဲ့ပုံစံ
တွေကို ဒီယာဉ်မောင်းမှုပုံစံအတု (Driving Simulator) မှာပါတဲ့ဆော့ဖ်ဝဲနဲ့ပြုလုပ်ပြီး မောင်းနှင်လေ့ကျင့်မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ ပစ္စည်းရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၆၆,၀၀၀ ဖြစ်ပါတယ်။

 

 

LATEST NEWS

IJ CARTOON