|
Tuesday, 09 March 2010 |
|

ဂီတသမားတွေအတွက်ရည်ရွယ်ပြီး i-tab ကို ထုတ်လုပ်လိုက်ပါတယ်။
အရွယ်အစားကတော့ ၅ လက်မ အရွယ်ရှိပါတယ်။ Touch-Screen device အမျိုးအစားပါပဲ။ Built-in အဖြစ် သိမ်းဆည်းနိုင်ဖို့အတွက် 4GB အထိပေးထားပါတယ်။ သုံးစွဲရတာအလွန်ကောင်းပြီး အွန်လိုင်းက Tab Store နဲ့ ဆက်သွယ်ပေးထားပါတယ်။ ဒီ device ရဲ့အလေးချိန်က ၀.၁၄ ကီလိုဂရမ်ရှိပါတယ်။ Built-in Speaker ပါပြီး headphone port ပါရှိပါတယ်။ USB အပေါက်လည်းပါပြီးတော့ TV နဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။ သီချင်းစာသားတွေကို ကြည့်ပြီး တီးခတ်သီဆိုနိုင်စေရန်အတွက် အထူးပြုလုပ်ပေးထားတဲ့ အီလက်ထရောနစ်သီချင်းစာအုပ် လေးပါပဲ။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၉၉ ဒေါ်လာပါ။
|