Gadgets
ရှင်းသန့်နေတဲ့ကီးဘုတ် Print E-mail
Tuesday, 09 March 2010 11:16

ကီးဘုတ်တွေဟာ ကွန်ပျူတာသုံးစွဲသူတွေအတွက် မရှိမဖြစ်အရာတစ်ခုပါပဲ။

ကီးဘုတ်တွေကို ထုတ်လုပ်သူတွေက ပုံစံမျိုးစုံနဲ့ အဆန်းတကျယ် ထုတ်လုပ်လာကြပါတယ်။ အဲ့ဒီထဲမှာ သုံးစွဲရလွယ်ကူသလို ဈေးနှုန်းနည်းပါးတဲ့ ကီးဘုတ်တွေလည်း အများအပြားရှိပါတယ်။ ပုံစံမျိုးစုံ၊ နည်းပညာမျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ထုတ်လုပ်ကြတဲ့အထဲက ယခုအခါမှာ လက်နဲ့တို့ထိလိုက်ရုံနဲ့အလုပ်လုပ်တဲ့ ကီးဘုတ်တစ်မျိုးကို တီထွင်ထုတ်လုပ်လာပါတယ်။ အရွယ်အစားအားဖြင့် အတော်ကြီးမားကျယ်ပြန့်ပါတယ်။ ကီးဘုတ်ကိုကြည့်ရတာက ကီးတွေထိုးထိုးထောင်ထောင်မထွက်နေဘဲ ရေပြင်ညီအပြားတစ်ချပ်လေးလို တစ်ပြင်ထဲထွက်နေပါတယ်။ ဒီကီးဘုတ်နာမည်ကတော့ Cleankeys Touch ကီးဘုတ်လို့ခေါ်ပါတယ်။ သုံးစွဲရတာကတော့ သာမန်ကီးဘုတ်တွေမှာရိုက်တာထက် ၃၀ ရာခိုင်နှုန်းလောက် ပိုပြီးတော့နှေးမယ်လို့ သိရပါတယ်။ အသန့်အပြန့်ကြိုက်သူတွေအတွက်ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၄၅၀ ဖြစ်ပါတယ်။

 

 

LATEST NEWS

IJ CARTOON