Gadgets
မိုက္ကရိုဆော့ဖ်ရဲ့မောက်စ်အသစ် Print E-mail
Tuesday, 09 March 2010 11:10

မိုက္ကရိုဆော့ဖ်က လုပ်ဆောင်ချက်အများအပြားကို ထိန်းချုပ်ကိုင်တွယ်နိုင်ရန်အတွက် Bluetooth mouse တစ်မျိုးကို တီထွင်လိုက်ပါတယ်။

၎င်းဟာ PowerPoint Presentation သို့မဟုတ် hometheater စနစ်တွေကို ကောင်းစွာထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ လေဆာပွိုင်တာပါဝင်ပြီး ပေ ၃၀ အထိ ကြိုးမဲ့သုံးစွဲနိုင်ပါတယ်။ Mouse ရဲ့အောက်ခြေမှာ အသံအတိုးအကျယ်ပြုလုပ်နိုင်တဲ့ ခလုတ်လည်းပါရှိပါတယ်။ စားပွဲပေါ်မှာတင်ပြီးသုံးစရာမလိုဘဲ လက်ထဲမှာလည်း ကိုင်တွယ်သုံးစွဲ
နိုင်မှာဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၇၉.၉၅ ဒေါ်လာဖြစ်ပါတယ်။

 

 

LATEST NEWS

IJ CARTOON