Gadgets
Wiimote ကဲ့သို့သုံးနိုင်မည့်ကီးဘုတ် Print E-mail
Wednesday, 03 March 2010 14:39

ကီးဘုတ်နဲ့မောက်စ်ကို တစ်တွဲတည်းဖြစ်အောင် ထုတ်လုပ်သူတွေက ပုံစံမျိုးစုံနဲ့ ကြိုးစားထုတ်လုပ်လာကြပါတယ်။

အခုဖော်ပြလိုက်တဲ့ကီးဘုတ်က မောက်စ်ကိုပါ တွဲထည့်ပေးထားတာဖြစ်ပြီး ဂိမ်းခလုတ်လို လက်ထဲမှာကိုင်ပြီး သုံးနိုင်ပါတယ်။ MSI Air Keyboard လို့ခေါ်ပါတယ်။ QWERTY layout ကိုသုံးစွဲထားပါတယ်။ မာတီမီဒီယာအတွက် ခလုတ်တွေကိုလည်း တွဲပေးထားပါတယ်။ Keypad ကိုတော့ ထည့်ပေးမထားပါဘူး။ အမြန်နှုန်းကိုတိုင်းတာတဲ့ မီတာကို ထည့်ပေးထားပါတယ်။ Mouse ပါတယ်ဆိုပေမယ့် ဘယ် ညာ click တွေက ဘယ်နေရာမှာရှိတယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ ရောင်းချမည့်ရက်ကိုလည်း မသိရသေးပါဘူး။

 

 

LATEST NEWS

IJ CARTOON