|
Wednesday, 03 March 2010 14:24
|
|

Kindle ကို သွားလေရာသယ်ဆောင်သွားဖို့အတွက်က ရာသီမရွေးတော့မဖြစ်နိုင်ပါဘူး။
မိုးရာသီလို အခြေအနေမျိုးမှာဆိုရင် ရေစိုပျက်စီးသွားမှာကို ကြောက်ရမှာပါ။ ဒါ့အပြင် ရေကန်ထဲမှာ ရေချိုးနေတုန်းမှာဖြစ်ဖြစ်၊ အိမ်ထဲကရေချိုးခန်းမှာ ရေချိုးနေတုန်းပဲဖြစ်ဖြစ် အသုံးလိုလျှင်သုံးစွဲနိုင်ဖို့ကို လိုချင်ကြမှာပါ။ ဒီလိုမျိုးစိတ်ကူးရှိသူတွေအတွက် ရေစိုခံပလတ်စတစ်အိတ်တစ်မျိုးကို Kindle အတွက် ထုတ်လုပ်ပေးလိုက်ပါတယ်။ ဒီအိတ်ကိုတပ်ဆင်ထားပြီး ရေအောက်တစ်မီတာအနက်အထိ Kindle ကို အလင်းရောင်လုံလောက်စွာ သုံးစွဲနိုင်ပါတယ်။ ခလုတ်တွေကိုလည်း ဒီပလတ်စတစ်အိတ် မတပ်ဆင်ခင်အချိန်တုန်းကလို သုံးစွဲနိုင်ပါတယ်။ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။
|