|
Friday, 05 February 2010 |
|

LCD တွေက အံ့သြဖွယ်ရာကောင်းတဲ့နည်းပညာတွေပါ။ TV တွေ၊ ကွန်ပျူတာမော်နီတာတွေနဲ့ ဖုန်းတွေမှာ LCD display တွေသုံးလာနေကြတာပါ။
ရှေးဟောင်းနည်းဖြစ်တဲ့ စာရွက်နဲ့ဘောပင်အစား နည်းပညာ LCD Tablet တွေထုတ်ပေးလာပါတယ်။ Boogie Board LCD Tablet ကလည်း နည်းပညာရဲ့မွေးဖွားပေးလိုက်တဲ့ မျိုးဆက်ထဲကတစ်ခုပါပဲ။ Touch-Sensitive စကရင်ကအသစ်မဟုတ်ပေမယ့် စွမ်းအင်အနည်းငယ်သာသုံးစွဲပြီး အလုပ်လုပ်နိုင်တာက နှစ်သက်စရာပါ။ အကြိမ်ပေါင်းငါးသောင်းအထိ ဖျက်နိုင်ပါတယ်။ ကျောင်းသားများအတွက် စာအုပ်တစ်ခုလိုသုံးစွဲနိုင်ပြီး တန်ဖိုးကတော့အမေရိကန်ဒေါ်လာ ၃၀ အထိရှိပါတယ်။
|