|
Friday, 05 February 2010 12:13
|
|

အရောင်တွဲစပ်တာတွေဟာ ပန်းချီဆရာတွေ၊ ဂရပ်ဖစ်ဒီဇိုင်နာတွေ စသည်ဖြင့် အရောင်နှင့်ပတ်သက်ပြီး လုပ်ဆောင်နေတဲ့သူတွေအတွက် အရေးပါတဲ့အရာတစ်ခုပါ။
အရောင်ကိုရွေးချယ်ရာမှာ ဘယ်အရောင်နှင့်ရောစပ်ခဲ့လျှင် ဘယ်အရောင်ရတယ် စသည်ဖြင့် အသေအချာမှတ်ထားနိုင်ဖို့အတွက် သင်ကြားလေ့လာရပါတယ်။ အခုတော့ရေထဲမှာ လိုချင်တဲ့အရောင်တွေကိုထည့်ပြီး အခြားအရောင်နှင့်တွဲစပ်ကြည့်လျှင် ဘယ်လို အရောင်ထွက်လာမယ်ဆိုတဲ့အရာကို ဖော်ပြပါပစ္စည်းလေးသုံးပြီး လေ့လာနိုင်ပါပြီ။ ဈေးကတော့သိပ်မပေါပါဘူး။ အမေရိကန်ဒေါ်လာ ၃၉.၆၆ ဒေါ်လာအထိရှိပါတယ်။ ThinkGeek မှာရောင်းချပေးပါတယ်။
|