|
Thursday, 02 July 2009 18:18
|
ဒီဇိုင်းလှလှလေးတွေနဲ့ အမြင်ဆန်းဆန်း လှပစွာနေထိုင်လိုသူတွေအတွက်ရည်ရွယ်ပြီး ဒီစပီကာလေးကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။
လှပပြီး ချစ်စဖွယ်စပီကာလေးဖြစ်ပါတယ်။ subwoofer ပါဝင်ပြီး 2.1 system ဖြစ်ပါတယ်။ 24 watt ကိုသုံးစွဲပြီး ၂ လက်မအရွယ်လောက်ပဲရှိပါတယ်။ မော်ဒယ်နံပါတ်က FX3021 ဖြစ်ပြီး တန်ဖိုးက အမေရိကန်ဒေါ်လာ 99.95 ဒေါ်လာဖြစ်ပါတယ်။ နေရာယူမှုသိပ်မရှိပါဘူး။ လုပ်ဆောင်ချက်ကတော့ အတော်လေးကိုကောင်းမွန် ပါတယ်။ အသံဟာကြည်လင်ပြီး ပြတ်သားမှုရှိပါတယ်။ PC စပီကာဈေးကွက်ထဲမှာတော့ ဒေါ်လာ ၉၉ တည်းနဲ့ရတဲ့စပီကာလို့ပြောရမှာပါ။
|