Toshiba Satellite E205-S1904 Print E-mail
Friday, 26 February 2010

ဒီဇိုင်းကပါးလွှာတာကိုတွေ့ရပါတယ်။ မြန်နှုန်းမြင့် core i5 ပရိုဆက်ဆာကို ထည့်ပေးထားပါတယ်။

Intel Wireless Display built-in ကိုထည့်ပေးထားပါတယ်။ စပီကာတွေဟာ အတော်ညံ့ပါတယ်။ Gaming  ဂရပ်ဖစ်မဟုတ်ပါဘူး။ ဘက်ထရီရဲ့ သက်တမ်းတိုတောင်းမှုကလည်း စိတ်ပျက်ဖွယ်ရာပါ။ CES 2010 မှာပြသခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာနည်းပညာတွေထဲမှာ Intel ရဲ့ Wireless Display နည်းပညာဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ Toshiba Satellite E205-S1904 ရဲ့ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၈၉၉ ဒေါ်လာရှိပါတယ်။ ထည့်ပေးထားတဲ့ Keyboard နဲ့ TouchPad တို့က Satellite မော်ဒယ်တွေထဲမှာ အတော်သက်သောင့်သက်သာရှိတာကို တွေ့ရပါတယ်။ E205 ဟာ E105 ကိုပြောင်းလဲ တည်ဆောက်ထားတဲ့ပုံစံပါ။ ပုံစံကိုကြည့်ရတာ သန့်ပြန့်နေပြီး အပြာရောင်ဒီဇိုင်းလေးကို ပြုလုပ်ထားပါတယ်။ E105  မှာသုံးစွဲထားတဲ့ Core 2 Duo အစား Core i5 ပရိုဆက်ဆာကို အစားထိုးထည့်ပေးထားပါတယ်။ လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေရန်အတွက် အဆင့်တိုးမြှင့်ထားပါတယ်။ စပီကာအသံဟာ E105 ထက် ပိုမိုတိုးတက်ကောင်းမွန်လာပါတယ်။ E105 Blue Label ထက် ဒေါ်လာ ၅၀ ပဲပိုများလာတာဖြစ်ပါတယ်။ တိုးတက်လာတာတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုလျှင်တော့ CPU နဲ့ကြိုးမဲ့ display function  တို့ကသာ တိုးတက်လာတာပါ။ Satellite E205-S1904 မှာပါဝင်တဲ့ ပရိုက်ဆက်ဆာဟာ 2.26 GHz Intel Core i5 M430 ဖြစ်ပါတယ်။ Memor 4GB ပမာဏရှိပြီး အချက်အလက်တွေနဲ့ပို့ဆောင်နိုင်စွမ်းက 1066MHz  ရှိတဲ့ DDR3 ကိုသုံးစွဲထားတာဖြစ်ပါတယ်။ Hard drive ရဲ့ပမာဏက 500GB ပမာဏရှိပြီး ၎င်းရဲ့ rpm ကတော့ ၅,၅၄၀၀ ရှိပါတယ်။ ချစ်ပ်အနေနဲ့က Intel HM55 ကိုထည့်ပေးထားပါတယ်။ ဂရပ်
ဖစ်ကိုတော့ Intel Media Accelerator HD ကိုထည့်ထားပါတယ်။ E205- S1904 ရဲ့အတိုင်းအတာတွေကတော့ အလျား ၁၃.၇ လက်မ၊ အထူ ၁.၂ လက်မနဲ့ အနံ ၉.၆ လက်မရှိတာကိုတွေ့ရပါတယ်။ စကရင်ရဲ့
အတိုင်းအတာဟာ ဒေါင့်ဖြတ်အနေအထားဖြင့် တိုင်းတာကြည့်မယ်ဆိုလျှင် ၁၄ လက်မအရွယ်ရှိတာကိုတွေ့ရပါတယ်။ System ရဲ့အလေးအချိန်ဟာ AC adapter ပါဝင်ခဲ့လျှင် ၅.၈ ပေါင်အလေးချိန်ရှိပြီး AC adapter  မပါခဲ့လျှင်တော့ ၅.၁ ပေါင်သာလေးတာကိုတွေ့ရပါတယ်။ Satellite E205 ဟာ အရွယ်အစားပြည့် laptop တွေထဲမှာတော့ အတော့်ကိုပါးလွှာပါတယ်။ ၁.၂ လက်မသာထူတာပါ။ ဒေါင့်တွေကလုံးဝန်းနေပြီး DVD drive ကို ချိတ်ဆက်ပေးထားပါတယ်။ အပြာရောင်ရင့်ရင့်ပလပ်စတစ်နဲ့ ဖုံးအုပ်ပေးထားပါတယ်။ ၁၄ လက်မအရွယ်ရှိတဲ့ LED Screen ပါရှိပြီး resolution က 1,366x768 pixels ရှိပါတယ်။ ဒီ resolution က mainstream HD Laptop တွေအတွက် ပုံမှန် resolution ဖြစ်ပါတယ်။ Satellite E205-S1904 မှာ စတူဒီယိုစပီကာပါရှိပြီး ၎င်းတို့ကို Laptop ရဲ့အရှေ့ပိုင်းအောက်ဖက်နားမှာ ထည့်ပေးထားပါတယ်။ အသံအရည်အသွေးက volume ကို အမြင့်ဆုံးတင်ထားတဲ့အချိန်မှာတောင် အလယ်အလတ်စားအနေအထားမှာ ရှိနေပါတယ်။ Toshiba Satellite E205-S1904 မှာပါတဲ့ Video out ဟာ HDMI နဲ့ VGA တွေဖြစ်ပါတယ်။ အသံပိုင်းအတွက်ကတော့ စတူဒီယိုစပီကာတွေနဲ့ head-phone/microphone jack တွေပါရှိပါတယ်။ အချက်အလက်တွေထည့်သွင်းဖို့နဲ့ လွှဲပြောင်းပို့ဆောင်နိုင်ဖို့အတွက် USB 2.0 နှစ်ခု၊ USB 2.0/eSATA/sleep and charge နဲ့ SD card reader တို့ကို ထည့်ပေးထားပါတယ်။ Expansion slot ကတော့လုံးဝမလာပါဘူး။ ကွန်ရက်မှာသုံးစွဲနိုင်ဖို့အတွက် Ethernet နဲ့ 802.11 b/g/n Wi-Fi တို့ပါရှိပါတယ်။ Optical drive ကတော့ DVD/C burner ကို ထည့်ပေးထားတာပါ။
Intel Wireless Display စွမ်းဆောင်ရည်(သို့မဟုတ်) WiDi ဟာ E205 ရဲ့သတိပြုမှတ်သားဖွယ်ထင်ရှားခဲ့တဲ့ feature ပါ။ ၎င်းအတွက် Toshiba Software tool ကိုထည့်ပေးထားပြီး ဘယ် TV မှာမဆို ဗီဒီယိုကြည့်လို့ရအောင် ဖန်တီးပေးထားပါတယ်။ WiDi connection က Wi-Fi bridge ခံပြီးသုံးစွဲရမှာပါ။ Toshiba Satellite E250-S1904 မှာပါတဲ့ဘက်ထရီဟာ ဗီဒီယိုဖွင့်ပြီးသုံးစွဲနိုင်စွမ်းကို တိုင်းတာတွက်ချက်ကြည့်တဲ့အခါမှာ ၄ နာရီနဲ့ ၄၆ မိနစ်အထိ သုံးစွဲနိုင်တာကိုတွေ့ရပါတယ်။

 

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
 
adobe cs4 buy cheap adobe, buy autodesk softwarecheap software