Student life
Taylor's University တွင် Cambridge 'A' Level တက်ရောက်နေသည့် မောင်ကျော်ငြိမ်းချမ်း၏ Student Life
Wednesday, 01 May 2013 18:30

ဒီတစ်ပတ်မှာတော့ Taylor's University မှာ Cambridge 'A' Level တက်ရောက်နေတဲ့ မောင်ကျော်ငြိမ်းချမ်းရဲ့ Student Life ကိုဖော်ပြပေးမှာပါ။

 

Read more...
 
Taylor’s University \ Bachelor of Information Technology Degree တွင် ပညာသင်နှစ် ကင်းလွတ်ခွင့်ရရှိခဲ့သည့် မောင်ဝေယံဝင်း၏ Student Life Print E-mail
Sunday, 07 April 2013 15:05

ဒီအပတ်မှာတော့ Taylor's University ရဲ့ Bachelor of Information Technology Degree မှာ ပညာသင်နှစ် ကင်းလွတ်ခွင့်ရရှိခဲ့တဲ့ မောင်ဝေယံဝင်းရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

 

မောင်လေး မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ပညာအရည်အချင်းနဲ့ အခုတက်နေတဲ့ကျောင်းနဲ့ ဘာသာရပ်ကို ပြောပြပေးပါ။

ကျွန်တော်မြန်မာနိုင်ငံမှာ ၁၀ တန်းအောင်ပြီးတော့ NCC Education မှာ International Diploma in Computer Studies အောင်ခဲ့တယ်။ ကျွန်တော် အဲ့ဒီ Taylor's University မှာ Bachelor of Information Technology Degree အတွက် ပညာသင်နှစ် ကင်းလွတ်ခွင့်တွေရဖို့ လျှောက်ခဲ့တယ်။ ကျွန်တော် Taylor's မှာ ဘွဲ့ရဖို့ ၂နှစ်ခွဲပဲ ဆက်တက်ရတယ်ဆိုတော့ ကျွန်တော်က ပညာသင်နှစ် ၁နှစ်ခွဲတောင် ကင်းလွတ်ခွင့်ရတယ်။ အဲဒီဘွဲ့ကလည်း RMIT (Australia) ကပေးတာ။

 

ဘာကြောင့် မလေးရှားနိုင်ငံမှာ ပညာသင်ကြားဖို့ ရွေးချယ်ခဲ့တာလဲ။

ကျွန်တော်တက်တဲ့အချိန်တုန်းက Certificate အတုတွေကိစ္စ စင်ကာပူမှာ ဖြစ်လိုက်သေးတယ်။ အဲဒါကြောင့် ကျွန်တော် မလေးရှားမှာ ကျောင်းတက်ခဲ့ဖို့ သေချာသွားတာ။

 

နိုင်ငံခြားမှာ ပညာသွားရောက်သင်ကြားဖို့ မောင်လေးအနေနဲ့ ဘယ်လိုဆုံးဖြတ်ခဲ့တာလဲ။

အနာဂတ်အတွက် အာမခံချက်ပေးနိုင်ပြီး နိုင်ငံတကာကလူတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အခြေအနေတစ်ခုကို ပေးနိုင်တဲ့ ပညာရေးစနစ်ကို လိုချင်လို့။ ကျွန်တော် နိုင်ငံခြားပညာရေးအေဂျင်စီတွေရဲ့  Seminar ပွဲတွေကို တက်ခဲ့တဲ့အခါမှာမှ MSI ပညာရေးဝန်ဆောင်မှုရဲ့  Seminar မှာပြောတဲ့စကားရယ် One to One တွေ့လိုက်တဲ့အခါမှာ ပိုပြီးစိတ်ဝင်စားလို့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

 

မောင်လေး အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ဘယ်လိုပြင်ဆင်ခဲ့သလဲ။

ကျွန်တော် YES မှာ Vocabulary Enrichment Course, Pre-Intermediate Proficience Course ကို ပြီးခဲ့တာ။ ကျန်တာကတော့ ကျွန်တော်ဘာသာ Self-Study များများလုပ်ခဲ့တယ်။ အဲဒီလိုလုပ်ခဲ့တော့ Taylor's ကစစ်တဲ့ Placement Test ကိုဖြေတော့ IELTS 6.0 နဲ့ညီတဲ့ အမှတ်ရခဲ့တော့ English ကို ဟိုမှာ ထပ်တက်စရာ မလိုတော့ဘူး။

 

နိုင်ငံကြီးတွေမှာ ပညာဆက်သင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတော့ အခုရော နိုင်ငံကြီးကိုကူးဖို့ အဆင်သင့်ဖြစ်ပြီလား။

Taylor's University က Malaysia မှာတော့ ဈေးကြီးတဲ့ကျောင်းထဲမှာ ပါပါတယ်။ ဒါပေမဲ့ စင်ကာပူ၊သြစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်နဲ့ ကနေဒါထက် သက်သာတယ်။ ကျွန်တော် အစက Main Campus RMIT ကိုကူးဖို့ ရည်ရွယ်ထားတယ်။ ဒီမှာလည်း Foreign Branch Campus တွေရှိတယ်။ တိုက်ရိုက်လာဖွင့်ထားတာဆိုတော့ သြစတြေးလျကို မသွားတော့ဘဲ မလေးရှားမှာပဲ အပြီးသင်ဖို့ စဉ်းစားထားတယ်။ပြီးရင် အရှေ့တောင်အာရှမှာ အလုပ်လုပ်မယ်၊ ပြီးမှ နိုင်ငံကြီးမှာသွားပြီး Master ကို ထပ်ယူဖို့ စဉ်းစားထားတယ်။

 

Taylor's University မှာရှိတဲ့ Taylor's MyanmarSociety (TMS) အနေနဲ့ ဘယ်လို Activities မျိုးတွေ ပြုလုပ်ပြီး ဘယ်လိုတာဝန်တွေယူပြီး စီမံခန့်ခွဲကြလဲ။

အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က Family စိတ်ဓာတ်နဲ့ ကျောင်းသားအသစ်နဲ့ ကျောင်းသားဟောင်းတွေရဲ့ အခက်အခဲတွေအားလုံးကို ၀ိုင်းပြီးကူညီကြတယ်။ Student Welfare အတွက် ဆိုပြီး တာဝန်ပေးထားသူနှစ်ဦးရှိတယ်။ TMS က နွေးထွေးတဲ့ Family တစ်ခုပါ။ ကျောင်းသားပဒေသာ ကပွဲလုပ်တာ သုံးကြိမ်ရှိပါပြီ။ ကျွန်တော်တို့က ကျွန်တော်တို့ Taylor's မှာလည်း လုပ်တယ်။ တခြား မြန်မာတွေရှိတဲ့ ကျောင်းမှာလည်း ကပွဲတွေ သွားလုပ်ပေးတယ်။ မလေးရှားတစ်နိုင်ငံလုံးမှာဆိုရင် ဒီလိုအဖွဲ့အစည်းဖွဲ့တာ ကျွန်တော်တို့ ပထမဦးဆုံးပဲ။ တခြား Activities အနေနဲ့ Trip ထွက်တယ်။ Camp သွားတယ်၊ ပြီးရင် Taylor's University က ကြီးမှူးကျင်းပတဲ့ လူမှုရေးကူညီမှု၊ Welcoming Party, Sport နဲ့ တခြားက ပွဲတော်တွေမှာ ပါဝင်ခဲ့တယ်။

 

မြန်မာနိုင်ငံရဲ့ ပညာသင်ကြားရေးနည်းစနစ်နဲ့ နိုင်ငံခြားမှာ ဘယ်လိုကွာခြားမှုရှိလဲဆိုတာကို ပြောပြပါဦး။

Self-Learning က အဓိကပါ။ ပြီးရင် Provide ပေးတဲ့ Facilities က လုံးဝကွဲပါတယ်။ နောက်တစ်ခုက ပွင့်လင်းလွတ်လပ်တဲ့ ပညာရေးစနစ်ပါ။ ဒါတွေက မြန်မာနိုင်ငံမှာ မရနိုင်ဘူး။ ဒါမျိုးတွေရရင် နိုင်ငံခြားကို ပညာသွားမသင်တော့ဘူး။ ကိုယ့်အမိမြန်မာနိုင်ငံမှာပဲ ပညာသင်တော့မှာပေါ့။ မြန်မာနိုင်ငံမှာတော့ သင်တန်းကျောင်းတွေ လာဖွင့်ပေးမယ့် Quality တွေ ကွာခြားပါတယ်။

 

ကျောင်းပြီးသွားရင်ရော ဘာတွေဆက်လုပ်ဖို့စဉ်းစားထားလဲ။

Future Plan ကတော့ စိတ်ထဲမှာပဲ Planning လုပ်ဆဲပါ။

 
Page 1 of 15