English Lesson
English For Hotel and Catering Industry
Wednesday, 01 May 2013 16:37

သတင်းအချက်အလက်ပေးခြင်း Unit-2 Giving Information

Dialogue 1
Speaker A: Good Morning. My name's Caroline. I'm a receptionist at the Cumberland Hotel in London. There are more than 900 bedrooms on eight floors. There's satellite TV and Internet access in all rooms.
Speaker B: Is there a swimming pool?
Speaker A: No, there isn't a swimming pool.
Dialogue 2
Speaker A: Hello, I'm Scott. I'm a waiter at the Sidney Tower Restaurant. The restaurant's at the top of the tower in Sydney, Australia. The tower is 300  meters high. There are 200  seats in the restaurant. The Sydney Tower Restaurant is an a lacarte restaurant with international cuisine.
Speaker B: Is there a bar in the restaurant?
Speaker A:  Yes, there's a cocktail bar.

လေ့လာထားရမည့် expression များ
Good morning. My name's Caroline. မင်္ဂလာနံနက်ခင်းပါရှင်။ ကျွန်မနာမည် ခဲရိုလိုင်းပါ။
There's satellite TV in all rooms. အခန်းတိုင်းမှာ ဂြိုလ်တုစလောင်းတပ်ထားတဲ့ ရုပ်မြင်သံကြားစက်တွေရှိပါတယ်။
Are there any shops? ဈေးဆိုင်တွေကော ရှိလား။
Is there a swimming pool? ရေကူးကန်တစ်ခုကော ရှိလား။
There are 200 seats in the restaurant. စားသောက်ဆိုင်မှာ ခုံ ၂၀၀ ရှိတယ်။ (လူအယောက် ၂၀၀ လက်ခံနိုင်တယ်။)
The Sydney Tower Restaurant is an a la carte restaurant. ဆစ်ဒနီတာဝါစားသောက်ဆိုင်ဟာ ကိုယ်နှစ်သက်ရာ ရွေးမှာနိုင်တဲ့ စားသောက်ဆိုင်ဖြစ်တယ်။

လေ့လာထားရမည့် ဝေါဟာရများ
air-conditioning = လေအေးစက်တပ်ဆင်ထားသော
Floor = အထပ်
at the top of = ထပ်ဆုံးတွင် (ခေါင်မိုးပေါ်တွင်)
information = သတင်းအချက်အလက်
bar = ဘား၊ အဖျော်ယမကာကောင်တာ။
international = နိုင်ငံတကာ
bedroom = အိပ်ခန်း
internet access = အင်တာနက်သုံးနိုင်သော
car park = ကားရပ်နားရန် နေရာ (ကားပါကင်)
Laundry = အ၀တ်လျှော်ဌာန/နေရာ
reception = ဧည့်ကြိုဌာန
tower  = မျှော်စင်၊ နန်းမြင့်၊ မိုးမျှော်တိုက်
exchange bureau = နိုင်ငံခြားငွေလဲကောင်တာ
waiter/waitress = စားပွဲထိုး (ကျား)/စာပွဲထိုး (မ)
cloakroom = ကုတ်အင်္ကျီများ အိတ်များထားရာအခန်း
cuisine = ချက်ပြုတ်နည်း၊ အစားအစာ (ဥပမာ Italian cuisine = အီတလီအစားအစာ၊ French cuisine =ပြင်သစ်အစားအစာ)
disabled facilities = ကိုယ်အင်္ဂါချို့ယွင်းသူများအတွက် အဆင်ပြေရန် ဆောင်ရွက်ထားမှုများ

cloakroom ကို အဓိပ္ပာယ်အမျိုးမျိုးနဲ့ သုံးနိုင်ပါတယ်။ cloak ဆို အပေါ်ကထပ်ဝတ်ရတဲ့ ၀တ်ရုံ၊ ခြုံထည်လို့ အဓိပ္ပာယ်ရတဲ့အတွက် တိုက်ရိုက်သုံးရင် အပေါ်ရုံအင်္ကျီများထားသော အခန်းလို့ပြောနိုင်ပါတယ်။ ဆင့်ပွားအဓိပ္ပာယ်တွေအနေနဲ့ ဟိုတယ်၊ လေဆိပ် စသည်တို့မှာ ဧည့်သည်တွေ ထိုင်စောင့်နားနေနိုင်အောင် ခုံများထားရှိသည့် နေရာအခန်း၊ Britain မှာ သန့်စင်ခန်းဟု အဓိပ္ပာယ်ရသည့် အယဉ်သုံးစကားအနေနဲ့လည်း သုံးကြပါတယ်။ စားသောက်ဆိုင်တွေကို ၀န်ဆောင်မှုအရ အကြမ်းဖျင်းလေးမျိုး ခွဲနိုင်ပါတယ်။

Fast Food
အသင့်စားနိုင်တဲ့ အစားအစာများကို ရောင်းတဲ့ဆိုင်
အမြန်ဆုံးနဲ့ ဈေးအသက်သာဆုံးဖြစ်အောင် ရည်ရွယ်တဲ့ဝန်ဆောင်မှုနဲ့ ရောင်းတဲ့ဆိုင်မျိုးဖြစ်သည်။ မြန်မာလိုဆိုရင်တော့ သွားရည်စာရောင်းတဲ့ဆိုင်ပေါ့။ Humburgers, Sandwich, ice cream, fried chicken စသည်တို့ အဓိကရောင်းသည်။

Fast Casual
သူလည်း Fast Food ဆိုင်တွေနဲ့ အလားသဏ္ဌာန်တူပေမယ့် စားသုံးသူအတွက် ကျန်းမာရေးနှင့်ပိုညီညွတ်သော အစားအစာတွေဖြစ်လို့ ရည်ရွယ်ထားတဲ့အတွက်ကြောင့် ဈေးလည်းပိုပေးရပါတယ်။ ကိုယ်တိုင်ဝန်ဆောင်မှုလုပ်ရတဲ့ Self-Sevice ဆိုင်မျိုးတွေပေါ့။

Casual Dining
သူကတော့ table-service စားပွဲထိုးက အမှာလက်ခံပြီး ၀န်ဆောင်မှုပေးတဲ့စနစ်နဲ့ စားသောက်ဆိုင်မျိုးပါ။ စားသောက်ဖွယ်အမျိုးမျိုး တည်ခင်းရောင်းချပါတယ်။

Fine Dining
ဒါကတော့ တကယ့်ခမ်းခမ်းနားနား စားသောက်ဆိုင်ကြီးတွေပေါ့။ ဧည့်ခံပွဲတွေ၊ စီးပွားရေးလုပ်ငန်းကိစ္စ စားရင်းသောက်ရင်း ဆွေးနွေးကြတာမျိုးတွေအတွက် ပြီးပြည့်စုံတဲ့ ၀န်ဆောင်မှုပေးတဲ့ ဆိုင်တွေပါ။ ဒီလိုဆိုင်မျိုးတွေမှာ reserve the table စားပွဲကို ကြိုတင်မှာရလေ့ရှိပါတယ်။ ဆိုင်တိုင်းမဟုတ်ပေမယ့် တစ်ချို့ဆိုင်တွေမှာ လာစားတဲ့သူတွေအတွက် ၀တ်စားဆင်ယင်မှု စည်းကမ်းသတ်မှတ်ချက် ရှိပါတယ်။

လေ့လာထားရမည့် ၀ါကျတည်ဆောက်ပုံများ
There is........../ There are... တည်ရှိသည်
Is there a......./ Are there any ........... တည်ရှိသလား။

Is there a TV in the rooms အခန်းတွေထဲမှာ တီဗွီရှိသလား။
There is a TV in the rooms. အခန်းတွေထဲမှာ တီဗွီရှိသည်။
There isn't a TV in the rooms.  အခန်းတွေထဲမှာ တီဗွီမရှိပါ။
Are there any shops? ဈေးဆိုင်တွေရှိသလား။
There are three shops. ဈေးဆိုင်သုံးဆိုင်ရှိတယ်။
There aren't any shops. ဈေးဆိုင်တစ်ဆိုင်မှ မရှိဘူး။

There is/There are.. ပုံစံသည် အလွန်အသုံးဝင်သည့် structure ဖြစ်သည်။ ဒါပေမယ့် have နှင့်အခြေခံအဆင့် မြန်မာကျောင်းသားများ မကြာခဏမှားတတ်ပါတယ်။ have ကပိုင်ဆိုင်မှုကို ပြတယ်။ there is/are ကတည်ရှိမှုကို ပြတယ်။ ကိုယ့်အိမ်အကြောင်း၊ ကျောင်းအကြောင်း စာစီစာကုံးရေးတဲ့အခါသည် Structure ကိုအဓိကထားသုံးရပါတယ်။ သူ့ကို preposition တွေနှင့် တွဲမှတ်ထားပါ။

in = အထဲမှာ
on = အပေါ်မှာ (မျက်နှာပြင်နှင့်ထိတွေ့)
at = မှာ
above =အထက်မှာ
between =နှစ်ခုကြားမှာ
among  = အများကြားမှာ
beside  = ဘေးမှာ
behind  = နောက်မှာ
in front of  = အရှေ့မှာ

အကြောင်းအရာတွေကို သရုပ်ဖော်ရမယ်၊ သတင်းအချက်အလက်တွေကို ရှင်းပြမယ်ဆိုရင် အခြေခံအကျဆုံး ၀ါကျတည်ဆောက်ပုံနှစ်မျိုးကို အောက်ပါအတိုင်း တွေ့နိုင်ပါမယ်။

ပုံစံ (၁) A ball is on the table. ဘောလုံးပွဲသည် စားပွဲပေါ်တွင် (တည်) ရှိသည်။
NP+ be+Prepositional Phrase
NP ဆိုတာ Noun Phrase ပါ။Noun တစ်ခုနဲ့ သူ့ကို အထူးပြုထားတဲ့ စကားလုံးတွေပါတဲ့ အစုကိုဆိုလိုပါတယ်။

ball
red ball
a red ball
a small red ball
၎င်းကို ပြောင်းရေးကြည့်ပါ။

ပုံစံ (၂)
There is  a ball on the table. စားပွဲပေါ်တွင် ဘောလုံးတစ်လုံး ရှိသည်။
There + be+NP+PP

လေ့ကျင့်ခန်း ၁။ အောက်ပါဝါကျများကို အင်္ဂလိပ်လို ပုံစံ (၁) ဖြင့်ရေးကြည့်ပြီး ပုံစံ (၂) ဖြင့် ပြန်ရေးကြည့်ပါ။ ပြီးလျှင် မေးခွန်းပုံစံ ပြန်ရေးကြည့်ပါ။

၁။ Plaza ဟိုတယ်၏ ပန်းခြံထဲတွင် ရေကူးကန်တစ်ခု ရှိသည်။
၂။ ရေကူးကန်ဘေးတွင် ဘားတစ်ခုရှိသည်။
၃။ ဒုတိယထပ်တွင် အရောင်းဆိုင်များ ရှိသည်။
၎။ မြေညီထပ်တွင် အားကစားလေ့ကျင့်ရုံတစ်ခုနှင့် ငွေလဲကောင်တာရှိသည်။
၅။ Plaza ဟိုတယ်၏ ခေါင်မိုးထပ်တွင် စားသောက်ဆိုင်တစ်ဆိုင် ရှိသည်။

၂။ အောက်ပါစာလုံးများကို ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုများအဖြစ် ပြောင်းပါ။

bar            menu           desk          TV
room        facilities        bureau        park
cuisine       access           pool

 

conditioning
Car park                                 exchange........................
internet...........................      air......................................
international.................          swimming......................
cocktail............................      satellite...........................
a la cate...........................     information..................
disable.............................      clock................................

အခုလောက်ဆိုရင် သတင်းပေးခြင်း အခြေခံကို နားလည်နိုင်လောက်ပါပြီ။ ယခုလက်ရှိနေသည့် နေရာ၊ အခန်းတွင်းရှိ ပစ္စည်းများကိုကြည့်ပြီး ဘယ်နေရာဘာရှိတယ်ဆိုတာ ပြောကြည့်ပါ။ သို့မဟုတ် ချရေးကြည့်ပါ။ ကိုယ်သွားရာအရပ်မှာ သတိလေးထားပြီး အရာဝတ္ထုတွေ တည်နေပုံကို လေ့ကျင့်ကြည့်မယ်ဆိုရင် ဒီ structure ကို ပိုင်နိုင်ကျွမ်းကျင်လာမှာ မလွဲပါဘူး။

"People will never know how far a little kindness can go." Rachel Scott
အကြင်နာတရား နည်းနည်းလေးလောက်က ဘယ်လောက်အထိ တာသွားတယ်ဆိုတာ လူတွေသဘောမပေါက်ကြဘူး။

 
သုံးလုံးတွဲအင်္ဂလိပ်စကားလုံး အသုံးအနှုန်း Print E-mail
Sunday, 07 April 2013 15:09

 

Flesh and Blood = သွေးသားဆွေမျိုး အရင်းအချာ

I have to help him if I can-he's my flesh and blood.

(တတ်နိုင်ရင် သူ့ကို ကျွန်တော် ကူညီရမယ်။ သူက ကျွန်တော့်သွေးသားလေ။)

 

Down and outs = ပိုက်ဆံမရှိဘဲ လမ်းပေါ်မှာ နေသူ၊ မွဲပြီးအိမ်မဲ့ယာမဲ့ဖြစ်နေသူ။

There are too many young down and outs in London.

(လန်ဒန်မြို့ပေါ်မှာ ပိုက်ဆံမရှိဘဲ လမ်းပေါ်မှာနေနေရတဲ့ လူငယ်တွေအများကြီးရှိတယ်။)

 

By and Large = များသောအားဖြင့်

By and Large, our customers prefer good service to low (များသောအားဖြင့် ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဟာ ဈေးနှုန်းနည်းတာထက် ၀န်ဆောင်မှုကောင်းတာကို ပိုပြီးကြိုက်ကြတယ်။)

 

Up and running = အလုပ်လုပ်နေပြီ၊ လှုပ်ရှားနေပြီ။

The new company is now up and running.

(ကုမ္ပဏီအသစ်က အခုဆိုရင် အလုပ်လုပ်နေပြီ။)

 

Noughts and crosses = ကစားသူနှစ်ယောက်က အကွက်ကိုးကွက်ပါသော ဇယားတွင် တစ်ယောက်တစ်လှည့်စီ အကွက်တစ်ကွက်ထဲကို သုည (၀) သို့မဟုတ် ကြက်ခြေခတ် (x) ကို ထည့်ရင်းနှင့် ပြိုင်ဘက်က လိုက်ပိတ်ပင်သည့်ကြားက သုည (သို့) ကြက်ခြေခတ်သုံးခုကို တစ်တန်းတည်းရအောင် ထည့်ရသော ကစားနည်းဖြစ်သည်။

 

Bring and buy = ရန်ပုံငွေရရှိရေးအတွက် လူတွေကြိုက်မယ်ထင်ရသော ပစ္စည်းများကို အိမ်ကယူလာပြီး ရောင်းချသော ဈေးပွဲတော်။

I'm making a cake for the shool's bring and buy next week.

(နောက်တစ်ပတ် ကျောင်းရဲ့ ဈေးရောင်းပွဲတော်အတွက် ကိတ်မုန့်ဖုတ်နေတာ။)

 

Hide and seek = တစ်ယောက်ကပုန်းနေပြီး ကျန်တဲ့သူများက လိုက်ရှာရတဲ့ ကလေးကစားနည်း။ တူတူပုန်းတမ်း ကစားနည်း။

Someone's been playing hide and seek with the TV remote again.

(တစ်ယောက်ယောက်ကတော့ TV ရီမုတ်နဲ့ တူတူပုန်းတမ်းကစားပြန်ပြီ။)

 

Around and About = ဟိုနားဒီနား (မိမိဘယ်သွားနေတယ်ဆိုတာကို တိတိကျကျ မပြောလိုတဲ့အခါ ပြောတဲ့ မရေရာတဲ့ စကားအသုံးအနှုန်းဖြစ်သည်။)

Where have you been? I've been worried. Oh, around andabout, you know.

(ဘယ်တွေသွားနေတာလဲ -ငါက စိတ်ပူနေတာ။ သြော် ဟိုနား ဒီနားပါပဲ - သိတယ်မဟုတ်လား။)

 

To and fro = ရှေ့ကဖော်ပြခဲ့တဲ့ 'back and forth' ကို နောက်တစ်နည်းပြောခြင်းပဲ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ သွားလိုက်ပြန်လိုက်ပဲ ဖြစ်ပါတယ်။

I'm exhausted- I've been going to and fro all week.

(ကျွန်တော်အရမ်းပင်ပန်းနေပြီ-တစ်ပတ်လုံး သွားလိုက်-ပြန်လိုက်လုပ်နေခဲ့ရတာ။)

 

Over and out = ရေဒီယိုတယ်လီဖုန်း ဆက်သွယ်ရာတွင် ဆက်သွယ်လို့ပြီးဆုံးကြောင်း ဖော်ပြတဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်။

The Last thing they heard from the pilot was "over andout".

(လေယာဉ်မှူးဆီက နောက်ဆုံးကြားလိုက်ရတာကတော့ "ဒါပဲ ပြီးပြီ" ဆိုတာပါပဲ။)

 

Done and dusted = လုံးဝပြီးဆုံးသွားသည်။

Well that's the project done and dusted we need a holiday now.

(ကဲ၊ စီမံကိန်းကတော့ လုံးဝပြီးဆုံးသွားပြီ။ အခု ကျွန်တော်တို့ လိုအပ်နေတာကတော့ နားရက်ပါပဲ။)

 

Dead and buried = မဖြစ်လာနိုင်တော့ခြင်း၊ ပြီးဆုံးသွားခြင်း

That idea is now dead and buried - the Executive Committee decied some time ago to go with another proposal.

(အဲဒီအကြံပြုချက်ကတော့ မဖြစ်လာနိုင်တော့ဘူး။ အလုပ်အမှုဆောင်အဖွဲ့က တခြားအဆိုပြုချက်ကို လက်ခံဖို့ တလောကပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။)

 

Wine and dine = လူတစ်ဦးတစ်ယောက်အား ရက်ရက်ရောရော ကျွေးမွေးဧည့်ခံခြင်း

He's well know for wining and dining his business partners.

(သူဟာ သူ့ရဲ့ စီးပွားဖက်တွေကို ရက်ရက်ရောရော ကျွေးမွေးဧည့်ခံတတ်တာကို လူအများသိကြပါတယ်။)

 

Bread and butter = သင်ရဲ့ အဓိက၀င်ငွေ (သို့) ဆွေးနွေးရန် အဓိကျသော အကြောင်းအချက်

Heath and education are the bread and butter issues facing the UK governmant.

(UK အစိုးရ ရင်ဆိုင်နေရတဲ့ အဓိကကျ ဆွေးနွေးနိုင်ဖို့ အကြောင်းအရာတွေကတော့ ကျန်းမာရေးနဲ့ ပညာရေးပဲဖြစ်ပါတယ်။)

 

Spick and Span = သပ်ရပ်သန့်ရှင်းနေသည်။

Her house is spick and span at all times.

(သူ့အိမ်ကတော့ အမြဲပဲ သပ်ရပ်သန့်ရှင်းနေတာပဲ။)

 

Wheel and deal = ပစ္စည်းများရောင်းဝယ်တဲ့အခါ အပေးအယူ/အကြံအဖန်လုပ်ခြင်း

If you need a new car, try speaking to John. He's a bit of a wheeler and dealer.

(ခင်ဗျားကားသစ်လိုရင် ဂျွန်နဲ့ စကားပြောကြည့်ပါလား၊ သူကတော့ အပေးအယူ နည်းနည်းပါးပါး လုပ်တတ်တယ်။)

 

(Clare whitmell ၏ English three-word phrases ကို ဘာသာပြန်ဆိုထားပါသည်။

 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 20