Home » 

လက်တွေ့အသုံးချ အိမ်ခြံမြေနှင့် အထွေထွေ အကျိုးဆောင် သင်တန်းဖွင့်လှစ်မည်

အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်လိုသောသူများ၊ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များနှင့် အိမ် ခြံမြေဝယ်ရောင်းလုပ်ကိုင်နေကြသော စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူစေရန်နှင့် ဥပဒေပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းစေရန်ရည်ရွယ်၍ Capacity Development Institute of Myanmar (TIPTOP) မှ အိမ်ခြံမြေနှင့် အထွေထွေအကျိုးဆောင်သင်တန်းကို ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို အပတ်စဉ် စနေ၊ တနင်္ဂနွေတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး (၁) လ ကြာ တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းချိန်မှာ နံနက် (၁၀)နာရီ မှ နေ့လည် (၁၂)နာရီ အထိဖြစ်သည်။ သင်ကြားပို့ချပေးမည့် ဘာသာရပ်များမှာ မြေအမျိုးအစားများ၊ ဂရန်သစ်အပါအဝင် မြေငှားဂရန်လျှောက်ထားမှု အဆင့်ဆင့်၊ ဂရန်၊ ဘိုးဘွားအမည်ပြောင်းနှင့် ဂရန်ဦးပိုင်ခွဲ၊ သက်တမ်းတိုးနှင့် မြေပုံ မြေရာဇဝင်ရေးကူးခြင်း ကိစ္စရပ်များ၊ မြေယာလုပ်ထုံးလုပ်နည်းများ၊ ရောင်းမှား ဝယ်မှား မဖြစ်စေရေးနှင့် မြေအကြောင်း သိကောင်းစရာဗဟုသုတများ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခြင်း လုပ်ထုံးလုပ်နည်းများ၊ အိမ်ရှင်၊ အိမ်ငှားအကြောင်း သိကောင်းစရာများ၊ ရောင်း၊ ဝယ်၊ ငှား၊ ပေါင်နှံခြင်းဆိုင်ရာ သိကောင်းစရာများ၊ အိမ်၊ ခြံ၊ မြေနှင့်ပတ်သက်သော တရားမမှုခင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရုံးသုံးဆိုင်ရာ အခေါ်အဝေါ်များ၊ စီရင်ပိုင်ခွင့် အာဏာများ၊ စီရင်ထုံးများနှင့် ဗဟုသုတမှတ်သားစရာများ၊ စာချုပ်စာတမ်း (သို့မဟုတ်)၊ ပဋိဥာဉ်ပြုရာတွင် လိုအပ်သော အခြေခံ ဥပဒေများ၊ စာချုပ်ချုပ်ဆိုပုံများ စသည့်ဘာသာရပ်များကို ဥပဒေပညာရှင်ကြီးများဖြစ်ကြသည့်  ဦးအောင်စိုးဦး၊ ဦးကျူးခေါင်၊ ဦးဌေးဝင်းနှင့် စီးပွားရေးအတိုင်ပင်ခံ ဦးတင်သန်းဦးတို့က စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

 

ထိရောက်အကျိုးရှိစေရန် တန်းခွဲတစ်ခုလျှင် လူဦးရေ (၃၀) သာ လက်ခံမည်ဖြစ်သည့်အတွက် ကြိုတင်ပေးသွင်းထားရန် လိုအပ်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များကို Tip Top: CDIM (ရန်ကုန်) အမှတ် (၁၃၃) ဒုတိယထပ်၊ လမ်း  ၃၀(အလယ်)၊ ဖုန်း ၀၁-၂၅၄၈၈၉၊ ၀၉-၇၃၀၅၀၃၇၀ (မန္တလေး) အမှတ်(၁၇၅)၊ ပထမထပ်၊ ၂၆ ဘီလမ်း၊ ၈၀ထ၈၁လမ်းကြား ဖုန်း ၀၉-၉၁၀၀၁၈၁၈ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

 

 

ကောင်းမြတ်ထွန်း၊ မန္တလေး