
ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုံခြုံရေးအတွက် CCTV Camera များကိုအသုံးပြုလျက်ရှိရာ ယခုအခါတွင် Alarm စနစ်တစ်ပါတည်းပါဝင်သော CCTV Camera များနှင့်တွဲသုံးရသည့် နည်းပညာသစ် DVR Card တစ်မျိုး ပြည်တွင်းသို့ဝင်ရောက်လာကြောင်းသိရသည်။
အဆိုပါ DVR Card သည် ယခင်က 8 Channel အထိသာအသုံးပြုနိုင်ပြီး ယခုဝင်ရောက်လာသော card မှာ ၁ကဒ်လျှင် 8 channel ဖြင့် ၃ ကတ်စိုက်သုံးပါက Maximum (24) channel အထိ အသုံးပြုနိုင်ကြောင်းသိရသည်။
“ယခုဝင်ရောက်လာတဲ့ Card ရဲ့ Record System က Hard-disk မှာနေရာယူတာ အရမ်းသက်သာပါတယ်။ Recording လုပ်တဲ့အခါမှာ ၂ လကျော်အထိလုပ်ထားနိုင်ပါတယ်။ Record လုပ်ပြီး ဖိုင်တွေကိုသိမ်းဆည်းတဲ့အခါမှာ MPEG-4 format နဲ့သိမ်းဆည်းပေးပါတယ်။ နောက်တစ်ချက်က card ထဲမှာတင် Alarm System တစ်ခုဖြစ်တဲ့ Motion Detection System Built-in ပါဝင်လာပါတယ်။ အရင်တုန်းက Motion Detection System ကိုအသုံးပြု ချင်တယ်ဆိုရင် သပ်သပ်ဝယ်ပြီး အသုံးပြုရပါတယ်။ Motion Detection System ဆိုတာက ကိုယ်က အရေးကြီးတဲ့မီးခံသေတ္တာပဲဖြစ်ဖြစ်၊ မသွားစေလိုတဲ့နေရာကိုပဲဖြစ်ဖြစ်၊ ကွန်ပျူတာမှာ Motion area ဆွဲထားပေးရပါတယ်။ လူတစ်ယောက်ယောက်က ကိုယ်ဆွဲထားတဲ့ Motion area ထဲကိုဝင်ရောက်သွားပြီဆိုရင် Alarm ထပေးမှာဖြစ်ပါတယ်” ဟု TT Engineering Service မှတာဝန်ရှိသူ ကိုထွန်းထွန်းဇော်မှ အင်တာနက်ဂျာနယ်သို့ပြောသည်။
“CCTV“ ကင်မရာကနေ ရိုက်ယူမဲ့ Record ကိုဘယ်နေ့၊ ဘယ်အချိန်မှာလုပ်မယ်ဆိုတာကို Schedule ဆွဲထားလို့ရပါတယ်။ Record လုပ်ထားတာတွေကိုပြန်ကြည့်တဲ့အခါမှာ ဆော့ဖ်ဝဲနဲ့ကြည့်လို့ရသလို Windows Media Player နဲ့လည်း ကြည့်လို့ရပါတယ်။ တစ်ချို့သောကတ်တွေက သူ့ရဲ့ဆော့ဖ်ဝဲမရှိဘူးဆိုရင်ဖွင့်လို့မရပါဘူး။ ဓါတ်ပုံရိုက်ကူးနိုင်သလို အဆိုပါဓါတ်ပုံကို Print ထုတ်ယူနိုင်ပါတယ်” ဟု ၎င်းမှထပ်မံပြောကြားခဲ့သည်။
စက်ရုံတည်ရှိရာနေရာနှင့် ရုံးချုပ်တည်ရှိနေရာဝေးကွာသော်လည်း အင်တာနက်ဆက်သွယ်မှုလိုင်းရှိပါက အဆိုပါနည်းပညာကိုအသုံးပြုနိုင်ကြောင်းသိရသည်။
“အင်တာနက်ကွန်ရက် ဆက်သွယ်မှုရှိတဲ့သူတွေအနေနဲ့လည်း ဒီနည်းပညာကိုအသုံးပြုနိုင်ပါတယ်။ အင်တာနက်ကနေတဆင့် အသုံးပြုတဲ့အခါမှာ လုံခြုံမှုရှိဖို့အတွက် ဆော့ဖ်ဝဲတွေရှိသလို၊ Username နဲ့ Password ပေးထားပြီးလည်း အသုံးပြုလို့ရပါတယ်” ဟု၎င်းမှ ထပ်မံပြောကြားခဲ့သည်။
ကင်မရာမှာမြင်ရသော ရုပ်ထွက်ကောင်းမွန်ရန်အတွက် Camera ကောင်းကောင်းအသုံးပြုရန် လိုအပ်ပြီး၊ အင်တာနက်ကွန်ရက်ဖြင့် အသုံးပြုလိုသူများအနေဖြင့် အင်တာနက်မြန်နှုန်းမြင့်ရန်လိုကြောင်း သိရသည်။ အထက်ပါနည်း ပညာအတွက် DVR Card ကိုသာ အဓိကထားရောင်းချပေးပြီး၊ ကင်မရာကိုကိုယ်တိုင်ဝယ်ယူနိုင်သလို အဆိုပါကုမ္ပဏီတွင်လည်း ၀ယ်ယူနိုင်ကြောင်းသိရသည်။ Installation အပြီးအစီးတပ်ဆင်ဆောင်ရွက်ပေးပြီး DVR Card အတွက် Warranty ပေးထားသော ၁ နှစ်ကျော်သွားပါက Service အတွက် စာချုပ်ထပ်မံချုပ်ဆိုနိုင်ကြောင်းသိရသည်။ DVR Card ကို စင်ကာပူနိုင်ငံမှတင်သွင်းထားပြီး ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် TT Engineering Service ဖုန်း-682053, 095174322 သို့ ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ကြောင်း သိရသည်။