-
-
MOBILE
Internet Journal
-
EDUCATION
Internet Journal
-
ELECTRONIC
Internet Journal
-
TECH INSIDE
Internet Journal
-
IJ+
Internet Journal
Cyber Clean လို့ အမည်ပေးထားတဲ့ ကိရိယာသစ်တစ်မျိုး ဈေးကွက်ထဲ ၀ယ်ယူရရှိနိုင်နေပြီဖြစ်တဲ့ အကြောင်း သိရပါတယ်။ ဒီကိရိ ယာမှာ မိုဘိုင်းဖုန်းကီးတွေနဲ့ ကီးဘုတ်အကြိုအကြားက အမှိုက်သရိုက်နဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သန့်စင်ဖို့အတွက် လိမ္မော် ရနံ့ပါရှိတဲ့ အရည်ပျစ်တစ်မျိုးကို အသုံးပြုထားတယ်လို့ သိရပါတယ်။ အခုလောလောဆယ်အားဖြင့်တော့ ဒီ Cyber Clean ကိရိယာတွေကို Expert Verdict ကနေ ၁၆ ဒေါ်လာနှုန်းနဲ့ ၀ယ်ယူရရှိနိုင်ကြပြီဖြစ်ကြောင်း သိရပါတယ်။
အသစ်ထုတ်လုပ်လိုက်သော Sansa e 260 MP3 ပလေယာ သည် iPod ထက် ပိုမိုများပြားသော feature များပါဝင်ပြီး လက်ရှိပေါက်ဈေး ၉၉ ဒေါ်လာထက် ဒေါ်လာ ၆၀ ဈေးသက်သာစွာဖြင့် ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။ Sansa e 260 ၏ လက်ရှိပေါက် ဈေးမှာ ၃၉.၉၉ ဒေါ်လာဖြစ်သည်။ Sansa e 260 MP3 Player သည် iPod နှင့် သဏ္ဌာန်တူ 4GB MP3 Player ဖြစ်ပြီး Sandisk မှ ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။
Converation service ၀က်ဘ်ဆိုက်အသစ် ဖြစ်သော Socialmedian ၀က်ဘ်ဆိုက်ကို လွှင့်တင်လိုက်ပြီဖြစ်သည်။ ထို ၀က်ဘ်ဆိုက်သစ်သည် Digg နှင့် Twitter တို့နှင့် အလားသဏ္ဌာန် တူပင်ဖြစ်ကြောင်း သိရသည်။ သို့ ရာတွင် အခြားသော Feature သစ်များလည်း ပါဝင်သေးကြောင်းသိရသည်။
ဒီတစ်ပတ် မြန်မာဝက်ဘ်ဆိုက်အညွှန်းကဏ္ဍမှာ အင်တာနက် ဂျာနယ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ထူးဆန်းထွေလာလေးတွေကို လေ့လာသိရှိနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။www.royal-myanmar.com လို့ခေါ်တဲ့ ဒီဝက်ဘ်ဆိုက်မှာ ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက်မှာပေါ်ပေါက်ခဲ့ဖူးတဲ့ ထူးဆန်းအံ့ဖွယ်အကြောင်းအရာလေးတွေကိုတတ်နိုင်သမျှ စုစည်းဖော်ပြပေးထားတဲ့အပြင် ဖတ်စရာမှတ်စရာကဏ္ဍမှာဆိုရင်လည်း သိမှတ်ဖွယ်ဗဟုသုတတွေကိုပါ လေ့လာသိရှိနိုင်မှာဖြစ်ပါတယ်။
ဒီဆိုက်ကတော့ နည်းပညာဆိုင်ရာအကြောင်းအရာတွေကို အများအ ပြားလေ့လာနိုင်ဖို့အတွက် ဖော်ပြပေးထားတဲ့ဆိုက်ဖြစ်ပါတယ်။ ဒီဆိုက်မှာ နည်းပညာနှင့်သက်ဆိုင်တဲ့ကျူတိုရီရယ်တွေကို အများအပြားလေ့လာနိုင် အောင်စီမံပေးထားပါတယ်။ ဒီကျူတိုရီရယ်တွေကတော့ database အကြောင်းတွေ application အကြောင်းတွေ၊ web design နှင့်ပတ် သက်တာ၊ networking နဲ့ပတ်သက်တာ linux နဲ့ပတ်သက်တာ၊ photoshop နှင့်ပတ်သက်တဲ့ကျူတိုရီရယ်တွေကို အများအပြားလေ့လာ နိုင်မှာဖြစ်ပါတယ်။
Facebook နဲ့ MySpace ၀က်ဘ်ဆိုက်တွေကို ကြားခံတိုက်ခိုက်တဲ့ worm သစ်တစ်မျိုး အင် တာနက် အတွင်းပျံ့နှံ့နေတဲ့အကြောင်း Kaspersky Lab ကနေ ထုတ် ပြန်ထားပါတယ်။
ဒေါက်အနိမ့်အမြင့်ကို စိတ် ကြိုက် ချိန်ညှိနိုင်မယ့် Goodie 2 Shoes ဖိနပ်သစ်တစ်မျိုးကို Natalie Cosette Thorne ဆိုသူက ဒီဇိုင်းထုတ် တီထွင်လိုက်တဲ့အ ကြောင်း သိရပါတယ်။
