Large Hadron Collider
Large Hadron Collider ဆိုတာဟာ ဒြပ်မှုန်တွေကို အရှိန်မြှင့်ပေးတဲ့ ကိရိယာဖြစ်ပြီး CERN လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံးသော ဒြပ်မှုန်ရူပဒေဆိုင်ရာ သုတေသန အဖွဲ့ကြီးက တီထွင်ထုတ်လုပ်ထားတဲ့ ကိရိယာဖြစ်ပါတယ်။
Avira Antivir Personal - Free Antivirus 8.1.0.331 (Antivirus Software)
23.92MB ပမာဏရှိပြီးအခမဲ့ရယူနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါတယ်။ Windows 2000/XP နဲ့ Vista တို့ရှိလျှင်ရယူသုံးစွဲနိုင်ပြီဖြစ်ပါတယ်။ http://www.softpedia.com/get/Antivirus/AntiVir-Personal-Edition.shtml နောင်လာမည့်ငါးနှစ်အတွင်း Notebook အသုံးပြုသူဦးရေနှင့် desktop ကွန်ပျူတာ အသုံးပြုသူဦးရေ တူညီလာမည်
ရန်ကုန်၊ စက်တင်ဘာ ၂၃
နောင်လာမည့်ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် Notebook ကွန် ပျူတာ အသုံးပြုသူဦးရေနှင့် desktop ကွန်ပျူတာအသုံးပြုသူဦးရေ တူညီလာမည်ဟု ကွန်ပျူတာဈေး ကွက်ကို လေ့လာနေသူတစ်ဦးမှ အင်တာနက်ဂျာနယ်သို့ ပြောသည်။ ကိုယ်ခန္ဓာကိုကာကွယ်ပေးမယ့်ဝတ်စုံ
ရေခဲပြင်လျှောစီးခြင်းနဲ့ အခြားသော ခန္ဓာကိုယ်ကို ထိခိုက်တတ်တဲ့ အားကစားတွေကို ကစားဖို့အတွက် ခန္ဓာကိုယ် မထိခိုက်စေဖို့အ ကာအကွယ်ဝတ် စုံတွေလိုအပ်ပါလိမ့်မယ်။ Android ဖုန်းကြောင့် ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်စာရင်းတွင် Google ပါလာ
Google က T-Moblie နှင့် ပူးပေါင်း၍ Android ဖုန်းကို ထုတ်လုပ်ခဲ့ပြီးနောက် ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် ၁၀ ခုတွင် Android လည်းပါဝင်လာပြီဖြစ်သည်။ Google အနေဖြင့် ယခုအခါ နာမည်ကြီးအမှတ်တံဆိပ်များစာရင်းတွင် အဆင့် ၁၀ နေရာတွင် ရှိနေပြီး Apple ၏ရှေ့တွင် အဆင့် ၁၄ ဆင့် စော၍ ရှိနေသည်။
Intel က ပရိုဆက်ဆာသစ် ထုတ်လုပ်မည်
Intel မှ Atom ပရိုဆက်ဆာများ၏ နောက်ဆုံးပေါ်ဗားရှင်း ကို ထုတ်လုပ်ရောင်းချတော့မည် ဖြစ်သည်။ အဆိုပါ Atom 330 processor များ၏ ဈေးနှုန်းကို မကြာမီ စတင်ကြေညာမည်ဖြစ်သည်။ Wise Registry Cleaner 3 Free 3.72 build 129 (Diagonstic Software)
1.25 MB ပမာဏရှိပြီးအခမဲ့ရယူသုံးစွဲနိုင်ပါတယ်။ Windows 98/Me/NT/2000/XP/2003 Server နဲ့ Vista တို့ရှိလျှင် သုံးနိုင်ပါတယ်။ အကန့်အသတ်တွေလည်းမရှိပါဘူး။ Recover Files 2 (System Utilities)
1.17 MB ပမာဏရှိပြီးအခမဲ့ရယူနိုင်သလို ကန့်သတ်မှုတွေလည်းမရှိပါဘူး။ Windows 95/98/Me/NT/2000/XP/2003 Server နဲ့ Vista တို့ရှိလျှင်သုံးစွဲနိုင်ပါတယ်။ အခမဲ့ပေးထားတဲ့ tool ဖြစ်ပေမဲ့စွမ်းဆောင် ရည်ပိုင်းမှာမြင့်မားသလို သုံးစွဲရတာကလည်း လွယ်ကူပါတယ်။ interface ကရိုးရှင်းသလိုလိုချင်တာတွေကိုအသေးစိတ်ရယူသုံးစွဲနိုင်အောင်စီမံပေး ထားပါတယ်။ ဒီပရိုဂရမ်ကို စတင်လိုက်တာနှင့် တစ်ပြိုင်နက်တည်းမှာတင် စစ်ဆေးချင်တဲ့ drive တွေထဲမှာရှိတဲ့အချက်အလက်တွေကိုမြင်တွေ့ရမှာ ပါ။ Recover လုပ်နိုင်တဲ့ဖိုင်တွေရဲ့ အချက်အလက်တွေကို အသေးစိတ် ဖော်ပြပေးထားမှာဖြစ်ပြီး FAT 12/16/32, NTFS နဲ့ NTFS5v တို့ကို recover လုပ်ပေးနိုင်ပါတယ်။ www.orchidworks2.com/default2.asp
ဒီဆိုက်ကတော့ သစ်ခွတွေအကြောင်းကိုပဲ သီးခြားဖော်ပြပေးမည့် ဆိုက်ဖြစ်ပါတယ်။ သစ်ခွတွေအကြောင်းကို ဓာတ်ပုံတွေနှင့်တကွ အသေ အချာဖော်ပြပေးထားပြီး အုပ်စုတွေကို အက္ခရာအစဉ်လိုက်ဖော်ပြပေး ထားပါတယ်။ သစ်ခွရဲ့ အမျိုးအစား၊ တွေ့ရှိရာဒေသ၊ ပန်းပွင့်တဲ့ရာသီအစ ရှိသည်ဖြင့် အပြည့်အစုံကို ဖော်ပြပေးထားတဲ့အတွက် သစ်ခွပန်းပင်တွေ နှစ်သက်မြတ်နိုးသူတွေ စိတ်ဝင်စား နိုင်မည့် ဆိုက်တစ်ခုဖြစ်ပါတယ်။ openlearn.open.ac.uk
ဒီဆိုက်ကတော့ အွန်လိုင်းကနေ အခမဲ့လေ့လာနိုင်တဲ့ ဆိုက်တစ်ခုဖြစ် ပါတယ်။ The Open University ဆိုတဲ့ တက္ကသိုလ်ကနေ ပေးတာဖြစ် ပြီး လေ့လာနိုင်မည့်သင်ခန်းစာတွေကို အပြည့်အ၀ပေးထားတာဖြစ်ပါတယ်။ Registration လုပ်ပြီးတော့ သုံးစွဲလျှင်တော့ topic တွေအကြောင်းကို ဖိုရမ်မှာဆွေးနွေးခွင့်၊ ဂျာနယ်ရေးသားခွင့်တွေရမှာဖြစ်ပြီး လေ့လာချင်တဲ့ အကြောင်းအရာတွေကို ကျောင်းသားတစ်ဦးအနေနဲ့ အပြည့်အ၀လေ့ လာခွင့်ရမှာဖြစ်ပါတယ်။ |































