မြန်မာနိုင်ငံအတွင်းသို့ TOSHIBA Notebook များကို တရားဝင် Authorized Sales & Service Provider အဖြစ် တင်သွင်းရောင်းချပေးလျက်ရှိသော LUCKY BIRD Co.,LTD. မှ ဒါရိုက်တာ ဒေါ်မေဖြူသွယ်ကို TOSHIBA Notebook များနှင့် ပတ်သက်၍ အခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
TOSHIBA Notebook တွေ ကို မြန်မာနိုင်ငံမှာ ဘယ်နှစ်ခုနှစ် လောက်ကစပြီး တင်သွင်းရောင်းချပေးခဲ့ပါသလဲ။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ရောင်းချပေးနေတဲ့ TOSHIBA Notebook အမျိုးအစားတွေကို သိပါရစေ။
TOSHIBA Notebook တွေ ကို မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ Authorized Sales & Service Provider အဖြစ် LUCKY BIRD Trading Co.,LTD. ကို ပေးအပ်ခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ တရားဝင် တင်သွင်းရောင်းချနေတဲ့ TOSHIBA Notebook အမျိုးအစားတွေကတော့ Satellite Series မှာဆိုရင် TOSHIBA Satellite L310, Satellite M300 တွေနဲ့ Portege Series မှာဆိုရင် TOSHIBA Portege M800 အမျိုးအစားတွေဖြစ်ပါတယ်။ New Model တွေဖြစ်တဲ့ Candy Pink ဆိုတဲ့ ပန်းရောင်၊ Crimson Red ဆိုတဲ့ ကြက်သွေးရောင်၊ Mercury Silver ဆိုတဲ့ ပြဒါးရောင်သန်းတဲ့ ခဲရောင်၊ Pearl White ဆိုတဲ့ ပုလဲဖြူရောင်အဆင်းရှိတဲ့ Style ကျလှပတဲ့ TOSHIBA Portege M800 Series အသစ်တွေ မြန်မာနိုင်ငံဈေးကွက်ထဲမှာ ရရှိနိုင်ပါပြီ။ ဒါ့အပြင် Executive သုံး TOSHIBA Tecra M9 အမျိုးအစားနဲ့ Entertainment နဲ့ Video Editing Professional သုံးဖို့အတွက် TOSHIBA Qosmio F50 အမျိုးအစားတွေကိုလည်း မြန်မာနိုင်ငံဈေးကွက်ထဲမှာ ၀ယ်ယူရရှိနိုင်ပါပြီ။