CDMA ဟန်းဆက်တွေ ဘာကြောင့် ပူတာပါလဲ။ ဟန်းဆက်မကောင်းလို့လား။
CDMA ဟန်းဆက်တွေ ပူတတ်တာက ဟန်းဆက် မကောင်းတာနဲ့ မပတ်သက်ပါဘူး။ CDMA ကွန်ရက်ရဲ့ လိုင်းအားဟာ အထူးကောင်းမွန်တာကြောင့် GSM့ ဖုန်းကွန်ရက်ထက် သာလွန်တဲ့အတွက် များများဖုန်းပြောရင် ကြာလာသည်နှင့်အမျှ CDMA ဟန်းဆက်များဟာ လိုင်းဆွဲအားကြောင့် ပူလာတတ်ပါတယ်။ CDMA 450 ဟန်းဆက်တိုင်းဟာ ပူတတ်တာဖြစ်တဲ့အတွက် ဟန်းဆက် မကောင်းတာမဟုတ်ပါ။ GSM ဟန်းဆက်တွေရဲ့ လှိုင်းထုတ်လွှင့်ကြိမ်နှုန်းက CDMA 450 ထက် ပိုကျဲတာကြောင့်GSM စက်တွေဟာ ဘယ်လောက်စကား ပြောပြော ပူမှာမဟုတ်ပါဘူး။
Smart ဖုန်းတွေမှာ Offline ဖြစ်သွားတတ်တာ ဘာကြောင့်ပါလဲ။
Smart phone အသစ် ၀ယ်ယူသူတွေမှာ sim card အဖြုတ်အတပ်လုပ်ရင် အမြဲတမ်း offline လုပ်မလားဆိုတာ မေးတတ်ပါတယ်။ အကယ်၍ offline ဆိုပြီး မှားပြီး နှိပ်မိမယ်ဆိုရင်တော့ ဖုန်းဟာ offline ဖြစ်သွားပြီး ဖုန်း အ၀င်ကော၊ အထွက်ကောမရတော့တာ ဖြစ်တတ်ပါတယ်။ ပါဝါဖွင့်ပိတ်လုပ်ပြီး ပြန်လုပ်မယ်ဆိုရင်လည်း offline က ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ပြန်ရချင်တယ်ဆိုရင်တော့ sim card ကို ပြန်ဖြုတ်ပြီး ပြန်တပ်ရပါလိမ့်မယ်။ သို့မှသာ Offline unit ပျောက်သွားမှာဖြစ်ပါတယ်။
Mobile phone camera များတွင် shutter error တက်တတ် ဘာကြောင့်လဲ။
ကင်မရာပါဝင်တဲ့ ကင်မရာဖုန်းများတွေမှာ ဓာတ်ပုံရိုက် ကူးမည်ဆိုပါက shutterက ဖွင့်မရဘဲ ပိတ်နေသည့် ပြဿနာ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရခြင်းက ဖုန်း သက်တမ်း ကြာလာသည်နှင့်အမျှ ဓာတ်ပုံ ရိုက်ကူးရန်အတွက် ကင်မရာရိုက်ကူးမှုမှာလည်း များတာကြောင့် ဖုန်း shutter အဖွင့် အပိတ်တွေဟာ တစ်ခါတလေ error တတ်တက်လာတတ်တယ်။ အဲဒီလိုဖြစ်ရင် ဓာတ်ပုံရိုက်တဲ့အခါ မှာ shutter မဖွင့်ဘဲ screen ပေါ် မှာ မဲပြီးပေါ်နေတတ်ပါတယ်။ camera ထဲက function settingက ထဲမှာ restart ကို ပြန်ပြီး ဖွင့်လိုက်မယ်ဆိုရင် ပြန်လည်ကောင်းမွန်နိုင်ပါတယ်။