မြန်မာ ၀က်ဘ်ဆိုက် အညွှန်း
www.mmcyber.net Print E-mail
Thursday, 02 October 2008 01:51

ဒီတစ်ပတ် အင်တာနက် ဂျာနယ်ရဲ့ မြန်မာ ၀က်ဘ်ဆိုက် အညွှန်းကဏ္ဍမှာ အင်တာနက် ဂျာနယ်ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက် ကတော့ ကွန်ပျူတာ နည်းပညာဆိုင်ရာ ဗဟုသုတတွေ အပါအ၀င် ပညာရေး၊ ဖျော်ဖြေရေး စတဲ့ အကြောင်း အရာတွေကို မျှဝေခံစားနိုင်တဲ့ "Myanmar Cyber-Community for All"  ဆိုတဲ့ ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။

 www.mmcyber.net  ဆိုတဲ့ ဒီဝက်ဘ်ဆိုက်မှာ ကွန်ပျူတာ နည်းပညာဆိုင်ရာ သတင်း အချက်အလက်နဲ့ ဗဟုသုတ၊ ကိုယ်ပိုင်ခံစားမှု ရသ၊ အားကစား၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေး စတဲ့ အကြောင်းအရာတွေကို မျှဝေထားပြီး  Topics  ပေါင်း ၂၉၀၀ ကျော်နဲ့ ဆွေးနွေးချက်  Posts  ပေါင်း ၃၆၀၀၀ ကျော်ကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာ နည်းပညာနဲ့ ပတ်သက်လို့ နည်းပညာဆိုင်ရာ ပြဿနာတွေကို ၀င်ရောက်မေးမြန်းနိုင်ပြီး အင်တာနက်၊ ဂိမ်း၊ မိုဘိုင်းဖုန်းဆိုင်ရာ ဗဟုသုတတွေကို ၀င်ရောက်ဖတ်ရှု ဆွေးနွေး နိုင်ပါတယ်။
 ဒီဝက်ဘ်ဆိုက်ရဲ့ အခြားဗဟုသုတ ရှာဖွေနိုင်မယ့် ကဏ္ဍတွေ အနေနဲ့ စာကြည့်တိုက်ကဏ္ဍနဲ့ နိုင်ငံတကာ ပညာရေးနဲ့ အလုပ်အကိုင်များ အကြောင်း ဆွေးနွေး မေးမြန်းနိုင်တဲ့ ကဏ္ဍတွေ ပါဝင်ပြီး ဖျော်ဖြေရေးဆိုင်ရာ ကဏ္ဍမှာ သီချင်းတွေ၊ နိုင်ငံတကာ ရုပ်ရှင်ကားတွေကို  download  ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ၀င်ရောက် အသုံးပြုနိုင်ဖို့အတွက် အဖွဲ့ဝင်အဖြစ် စာရင်း ပေးသွင်းရမှာဖြစ်ပြီး အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်နိုင်တဲ့  Chat  ကဏ္ဍပါ ပါရှိပါတယ်။ ဒါကြောင့် အွန်လိုင်းမှာ ဗဟုသုတ ရှာဖွေလိုတဲ့သူတွေ အနေနဲ့ ၀င်ရောက် လေ့လာသင့်ပါတယ်။

 

 

www.mmcyber.net

 

LATEST NEWS

IJ CARTOON