မြန်မာ ၀က်ဘ်ဆိုက် အညွှန်း
www.mcpa.org.mm Print E-mail
Monday, 15 September 2008 15:10

ဒီတစ်ပတ် အင်တာနက်ဂျာနယ် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက်ကတော့ မြန်မာနိုင်ငံ ကွန်ပျူတာလောကမှာ ထင်ရှားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရဲ့ ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။

 www.mcpa.org.mm  ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြပေးလျက်ရှိတဲ့ ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ အတွက် အသင်းရဲ့ ဆောင်ရွက်မှုတွေ၊ သတင်းအချက် အလက်တွေကို ၀င်ရောက်ဖတ်ရှု သိနိုင်မှာ ဖြစ်ပါ တယ်။ ဒီဝက်ဘ်ဆိုက်မှာ အဓိက ပါဝင်တဲ့ ကဏ္ဍတွေ အနေနဲ့ သတင်းကဏ္ဍ၊ အသင်းအဖွဲ့ကဏ္ဍ၊ လှုပ်ရှားဆောင်ရွက်ချက် ကဏ္ဍတွေနဲ့ အခြားအကျိုးရှိစွာအသုံးပြုနိုင်မယ့် ကဏ္ဍလေးတွေ ပါရှိပါတယ်။
 ဒီဝက်ဘ်ဆိုက်ရဲ့ Home Page  မှာဆိုရင် အသင်းရဲ့ လက်ရှိ ဆောင်ရွက်လှုပ်ရှားမှု သတင်းတွေကို ဖော်ပြပေးထားပြီး ယခင်လှုပ်ရှားမှု သတင်း အချက်အလက်တွေကို သတင်းကဏ္ဍမှာ ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀က်ဘ်ဆိုက်ရဲ့ Download  ကဏ္ဍမှာ အသင်းမှ ကြီးမှူးကျင်းပပေးခဲ့တဲ့ Seminars  တွေ၊ Workshops  တွေရဲ့ Presentations  ဖိုင်တွေကို Download  ရယူနိုင်မှာ ဖြစ်ပါတယ်။
 မြန်မာနိုင်ငံ ကွန်ပျူတာနည်းပညာ တိုးတက်ပြန့်ပွားရေးအတွက် အလေးထားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ၊ သတင်း အချက်အလက်တွေကို ဖတ်ရှုချင်တယ် ဆိုရင်တော့ ဒီဝက်ဘ်ဆိုက်ကို ၀င်ရောက် လေ့လာသင့်တယ်လို့ ဆိုချင်ပါတယ်။

 

www.mcpa.org.mm

 

LATEST NEWS

IJ CARTOON