|
Thursday, 06 November 2008 02:51
|
ရန်ကုန်၊ အောက်တိုဘာ ၃၀ မြန်မာလူငယ်များအားလုပ်ငန်းခွင် ဆက်စပ်ပညာရပ်များတွင် ပိုမိုကျွမ်းကျင်ပိုင်နိုင်သူများ ဖြစ်လာစေရန် "Globalization" ခေတ်အတွင်း အများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်လုပ်ကိုင် နိုင်စေရန်နှင့် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်ရရှိသူ မြန်မာလူငယ်များ ပိုမိုများပြားလာ စေရန် စသည့်ရည်ရွယ်ချက်များဖြင့် "British Council" နှင့် ရန်ကုန်မြို့တွင်းရှိ City and Guilds သင်တန်းကျောင်းများ စုပေါင်း၍ "City and Guilds Vocational Education Fair 2008" နှင့် "Success Skills for your future" Seminar ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း၊ ကမ်းနားဘလောက်ရှိ Strand Hotel Ball Room တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။
"City and Guilds Vocational Education Fair 2008" တွင် မြန်မာနိုင်ငံအတွင်း၌ပင် သင်တန်း တက်ရောက်၍ British Council တွင် စာမေးပွဲဖြေဆိုကာ အောင်လက်မှတ်ရယူနိုင်သော Engineering ဘာသာရပ်များ၊ Travel and Tourism ဘာသာရပ်များ၊ Hospitality and Catering ဘာသာရပ်များနှင့် Information Technology ဘာသာရပ်ဆိုင်ရာများကို စိတ်ပါဝင်စားသူ ပြည်သူအများလေ့လာနိုင်စေရန် ရန်ကုန်မြို့တွင်းရှိ City and Guilds သင်တန်းကျောင်းများ စုပေါင်း၍ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသထားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နောင်တွင် ဆက်လက်ဖွင့် လှစ်သွားမည့် Hairdressing & Beauty Therapy, Health Case နှင့် Retailing ဘာသာရပ်ဆိုင်ရာများကိုလည်း ကြည့်ရှုလေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ "Success Skills For Your Future" Seminar ကို နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး City and Guilds မှ Regional Director နှင့် Business Development Executive တို့မှ မြန်မာ လူငယ်များ အနာဂတ်အတွက် ပြင်ဆင်ရာတွင် City and Guilds မှ ပံ့ပိုးကူညီပေးနိုင်မှု၊ စာမေးပွဲအောင်လက်မှတ်အား နိုင်ငံတကာ ၏အသိအမှတ်ပြုမှုနှင့် မြန်မာနိုင်ငံမှ ကျောင်းသားကျောင်းသူများ၏ လက်ရှိအောင်မြင်နေမှုအနေအထား တို့ကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ပြီး Seminar တက်ရောက်သူများ ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားပေးမည် ဖြစ်ကြောင်း သိရသည်။ City and Guilds နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက British Council ဖုန်း-၂၅၄၆၅၈၊ ၂၅၆၂၉၀၊ ၂၅၆၂၉၁ (နထအ. ၃၃၃၉/၃၃၁၄/၃၃၀၄) သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
|