Local News
Acer မှ ထုတ်လုပ်သည့် Branded Gaming PC တစ်မျိုးကို မြန်မာနိုင်ငံသို့ စတင် တင်သွင်းမည် Print E-mail
Wednesday, 22 October 2008 23:03
ရန်ကုန်၊ အောက်တိုဘာ ၁၅
 ပီစီပေါ်တွင် ဂိမ်းကောင်းစွာ ကစားလိုသူများ အတွက် Acer မှ ထုတ်လုပ်သည့် နာမည်ကြီး Branded Gaming PC တစ်မျိုးကို ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ စတင်တင်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။
 ၎င်း Branded Gaming PC မှာ Acer Aspire Predator G7700 ဖြစ်ပြီး Acer ၏ တစ်ဦးတည်း ဖြန့်ချိခွင့် တရားဝင် ကိုယ်စားလှယ်အဖြစ် မကြာမီက ရရှိထားသူ ရွှေလမင်းနဂါးကုမ္ပဏီမှ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။
 “Gaming PC ဖြစ်တဲ့ Aspire Predator ကို မြန်မာနိုင်ငံမှာ Acer ကနေ ပထမဆုံးအဖြစ် တင်သွင်းတာ ဖြစ်ပါတယ်။ ဒီပီစီမှာ ဂိမ်းအတွက် အထူး ထုတ်လုပ်ထားတဲ့ System Unit နဲ့အတူ HDMI with HDCP Support လုပ်တဲ့ Acer 24" WLCD (G24) မော်နီတာ၊ Gaming Keyboard, Mouse  စတာတွေ တွဲဖက်ပါရှိမှာ ဖြစ်ပါတယ်။ G24 အမျိုးအစား WLCD ဟာဆိုရင် ဂိမ်းအတွက် သီးခြား ထုတ်လုပ်ထားတာ ဖြစ်လို့ Contrast Ratio 50000:1 ရှိပြီး Resolution အနေနဲ့ Full HD Support 1920 x 1200 အထိ ပေးနိုင်ပါတယ်” ဟု ရွှေလမင်းနဂါး ကုမ္ပဏီမှ General Manager ကိုစိုင်းက ပြောသည်။
 အဆိုပါ Gaming PC Predator သည် အမြန်နှုန်း 2.83GHz ရှိ Intel Core 2 Quad Processor Q 9550 ကို အသုံးပြုထားခြင်း ဖြစ်ပြီး Nvidia nForce 780i SLI Chipset ကို အခြေခံထားကြောင်း သိရသည်။ Memory မှာ 4096 MB DDRII ကို 8GB အထိ တိုးချဲ့တပ်ဆင် နိုင်ပြီး သိုလှောင်မှု အတွက် 640 GB SATA Hard Drive နှင့် ဂရပ်ဖစ်အတွက် Nvidia GeForce 9800 GTX 1020 MB TurboCache ပါဝင်သည်။
 ၎င်း Predator G7700 ကို မြန်မာကျပ်ငွေ သိန်း၃၀ ၀န်းကျင်ဖြင့် ရောင်းချနိုင်ရန် ခန့်မှန်းထားကြောင်းနှင့် ကြိုတင်မှာကြားလိုသူများ အနေဖြင့် ရွှေလမင်းနဂါးကုမ္ပဏီ ဖုန်း-၀၉၈၅-၅၉၂၂၉ သို့ တိုက်ရိုက်ဆက်သွယ် ဆွေးနွေးမေးမြန်း နိုင်ကြောင်း သိရသည်။
 

LATEST NEWS

IJ CARTOON