|
Tuesday, 21 October 2008 23:20
|
ရန်ကုန်၊ အောက်တိုဘာ ၁၄ အွန်လိုင်းမှတစ်ဆင့်ဖြေဆိုရသော မိုက္ကရိုဆော့ဖ်အပါအ၀င်နိုင်ငံတကာ အသိအမှတ်ပြုအိုင်တီနည်းပညာ စာမေးပွဲများဝင်ရောက်ဖြေဆိုကြသော ကွန်ပျူတာပညာရှင်များအနေ ဖြင့်စာမေးပွဲဖြေဆိုရာတွင် IDကတ်နှစ်မျိုးယူဆောင်လာရန်လိုအပ်ကြောင်းသိရှိရသည်။
နိုင်ငံတော်နှင့်သက် ဆိုင်ရာဌာန များမှထုတ်ပေးထားသောအသိအမှတ်ပြုကတ်ပြား(၂)မျိုးအားစာမေးပွဲဖြေဆိုရာတွင်ယူဆောင်လာရခြင်းမှာ ဖြေဆိုသူစစ်မှန် ကြောင်းနှင့်ကိုယ်တိုင်ဖြစ် ကြောင်းအတွက်သက်သေ အထောက်အထားများဖြစ်ကြောင်းသိရှိရသည်။"ပတ်စပို့၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ယာဉ်မောင်းလိုင်စင်၊ အွန်လိုင်း စာမေးပွဲဖြေဆိုသူများ ID ကဒ်များယူဆောင်လာရန်လို ကျောင်းသားကတ် စတာတွေထဲက(၂) မျိုးယူဆောင် လာဖို့လိုအပ်ပါတယ်။ မိုက္ကရိုဆော့ဖ်စာမေးပွဲ ဖြေဆိုအောင် မြင်ပြီးသူတွေအနေနဲ့ မိုက္ကရိုဆော့ဖ်က ထုတ်ပေးတဲ့ကတ်ပြားကိုလည်း ID တစ်မျိုး အနေနဲ့ယူလာလို့ရပါတယ်။ မှတ်ပုံတင်တစ်မျိုးတည်းနဲ့ လာဖြေတဲ့သူတွေကို လက်မခံဘဲ အိမ်ပြန်ယူခိုင်းရတာမျိုးတွေအ ပတ်စဉ်ကြုံတွေ့ ရပါတယ်။ ဒါဟာ နိုင်ငံတကာ အတွက်သတ်မှတ်ထားတဲ့စည်းကမ်း ဖြစ်တဲ့ အတွက်ID ကတ်နှစ်မျိုးမပါလာရင်လုံးဝ စာမေးပွဲဖြေခွင့်မပြုနိုင်ပါဘူး”ဟုအွန်လိုင်းစာမေးပွဲများ စစ်ဆေးနေသော Myanmar Inspiration မှ တာဝန်ရှိသူတစ်ဦးကအင်တာနက်ဂျာနယ်သို.ပြောသည်။
|