Word of The Week
Gesture recognition Print E-mail
Friday, 03 July 2009 11:31
Gesture recognition ဆိုတာဟာကွန်ပျူတာသုံး device ဖြင့် လူသားရဲ့အမှတ်အသားကို သင်္ချာနည်းအရမှတ်သားပြီး အဓိပ္ပါယ်ကောက်ယူတဲ့စနစ်ကိုခေါ်ပါတယ်။ Gesture recognition, facial recogition  (မျက်နှာပြင်မှတ်သားခြင်း)၊ voice recognition (အသံမှတ်သားခြင်း)၊ eye tracking (မျက်စိကိုမှတ်သားခြင်း)၊ lipmovement recognition (နှုတ်ခမ်းပြင်လှုပ်ရှားမှုကိုမှတ်သားခြင်း) တို့ဟာ perceptual user interface (PUI)  လို့ ပြုလုပ်သူတွေကသတ်မှတ်ထားတဲ့ component တွေဖြစ်ပါတယ်။ PUI ဟာ Usability လို့လူသိများတဲ့ ဒီဇိုင်းစည်းမျဉ်းကို သုံးစွဲပေးတဲ့ပရိုဂရမ်ပေါ်မှာ အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ gesture  ဆိုတာဟာ input command တွေဖြစ်နေတက်ပါတယ်။ 3D ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်းရှိလာတဲ့အခါမှာတော့ လူသားရဲ့လက်တွေခြေတွေလှုပ်ရှားတာကို မှတ်သားယူနိုင်ပြီး လုပ်ဆောင်ချက်တွေပြုလုပ်လာအောင် စီမံလာနိုင်ခဲ့ကြပါတယ်။ Gesture recognition ရဲ့အကောင်းဆုံးဥပမာကတော့ Wii ဂိမ်းဆက်တွေမှာ ယခုအချိန်မှာထည့်သွင်းလိုက်တဲ့စနစ်ပါ။ လူရဲ့လှုပ်ရှားမှုနဲ့ ဂိမ်းတွေထဲကဇာတ်ကောင်တွေကို ထိန်းချုပ်ကစားနိုင်မည့်စနစ် ဖြစ်ပါတယ်။
 

LATEST NEWS

IJ CARTOON