International News
ဓာတ်ပုံ ၃၉ပုံ ဆက်တိုက်ရိုက်ကူးနိုင်မည့် မြန်နှုန်းမြင့် SDHC ကတ် SanDisk ထုတ် Print E-mail
Tuesday, 16 September 2008 14:23

SanDisk မှ မြန်နှုန်းအမြင့်ဆုံး SDHC  ကတ်ကို ထုတ်လုပ်ရောင်းချတော့မည်ဖြစ်သည်။ အဆိုပါကတ်များကို Nikon D  ၉၀ ကဲ့သို့သော ဒစ်ဂျစ်တယ်မှန်ဘီလူး (DLSR)  အသုံးပြုသောကင်မရာများအတွက်အထူးရည်ရွယ်၍ ဒီဇိုင်းပြုလုပ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

SanDisk Extreme III အမည်ရှိ အဆိုပါကတ်သည် မြန်နှုန်း 30 Mbps  ရှိကြောင်းသိရသည်။ အဆိုပါကတ်ကို အသုံးပြုမည် ဆိုပါက 6.0 MB JPEG L Fine  ဖိုင်တစ်ခုလျှင် ရုပ်ပုံတစ်ပုံနှုန်းဖြင့် တစ်စက္ကန့် 4.5 Frame  အရွယ် ဓာတ်ပုံတစ်ပုံနှုန်းဖြင့် ဓာတ်ပုံ ၃၉ ပုံကို ဆက်တိုက်ရိုက်ကူးနိုင်မည်ဟု သိရသည်။ အဆိုပါ SDHC ကတ်သစ်များ သည် အပူချိန် ၁၃ ဒီဂရီဖာရင် ဟိုက်နှင့် ၈၅ ဒီဂရီဖာရင်ဟိုက်အ တွင်းတွင်လည်း အသုံးပြုနိုင်သော အရည်အသွေးမြင့်ကတ်များဖြစ် ကြောင်းသိရသည်။ ထိုကတ်သစ် များကို 4GB, 8GB  နှင့် 16 GB yg  ကတ်များအဖြစ် ထုတ်လုပ်ထား ပြီး ၆၄.၉၉ ဒေါ်လာ၊ ၁၀၉.၉၉ ဒေါ်လာ၊ ၁၇၉.၉၉ ဒေါ်လာအ သီးသီးကုန်ကျမည်ဖြစ်သည်။

 

LATEST NEWS

IJ CARTOON