|
Wednesday, 10 September 2008 20:45
|
|
မိုဘိုင်း application များ လွှင့်တင်ထားသော ၀က်ဘ်ဆိုက် လုပ်ငန်းနယ်ပယ်တွင် Apple နှင့် Google တို့အား မိုက္ကရိုဆော့ဖ်လာရောက် ပူးပေါင်းတော့မည်ဖြစ်သည်။ Microsoft က Skymarket အမည်ရှိအွန်လိုင်း apps store ကို Windows Mobile Platform အတွက် ယခုနှစ်ဆောင်းရာသီတွင် စတင်လွှင့်တင်တော့မည်ဟု သိရသည်။
အဆိုပါ မိုက္ကရိုဆော့ဖ်၏ အွန်လိုင်း app စတိုးတွင် developer များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသစ်ထွက် Windows apps များ နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြသွားမည်ဟုသိရသည်။ Windows Mobile သည် စမတ်ဖုန်းများတွင် အသုံးပြုသော operating system တစ်ခုဖြစ်သည်။ စမတ်ဖုန်းများတွင် အီးမေးလ်၊ web surfing ၊ သီချင်း နားထောင်ခြင်းနှင့် အခြားသော အင်တာနက်အခြေပြု ၀န်ဆောင်မှုများ သုံးစွဲနိုင်သဖြင့် တစ်စတစ်စလူကြိုက်များလျက် ရှိနေသည်။ ထို့ကြောင့်စမတ် ဖုန်းရောင်းချမှုမှာ ပြီးခဲ့သည့် ဒုတိယလေးလပတ်အတွင်း မိုဘိုင်းဖုန်းရောင်းချမှု ဈေးကွက်၏ ၁၉ရာခိုင်နှုန်းရှိလာခဲ့သည်။ စမတ်ဖုန်းဈေးကွက် အခြေအနေ အပြောင်းအလဲကြောင့် မိုက္ကရိုဆော့ဖ်ကလည်း ယင်းဈေးကွက်တွင် ပုံအောရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် မိုက္ကရိုဆော့ဖ်က Windows Mobile OS ၏ version 6.1 ကို ထုတ်လုပ်ခဲ့ပြီး အဆိုပါဗားရှင်းတွင် update ပြုလုပ်ထားသော အင်တာနက်သုံးစွဲနိုင်သည့် browser တစ်မျိုးကို မိုဘိုင်းဖုန်း များတွင် အသုံးပြုနိုင်ရန် စီစဉ်ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။ အွန်လိုင်း app စတိုးလုပ်ငန်း နယ်ပယ်တွင် တိုးတက်ဖွံ့ဖြိုးလာရန် အလားအလာကောင်းများ ရှိနေ သော်လည်း မိုက္ကရိုဆော့ဖ်အနေဖြင့် ဈေးကွက်ဝေစုရရန် ပြင်းထန်စွာ ယှဉ်ပြိုင်နေရဆဲ ဖြစ်သည်။
|