International News
3D ပြီးတော့ 6D နည်းပညာလာပြီ Print E-mail
Monday, 25 August 2008 14:40

မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် MIT မှပညာရှင်များက ခြောက်ဖက်မြင် ရုပ်လုံးကြွပုံရိပ်များကို ဖော်ထုတ်နိုင်သည့် နည်းပညာကို ဖော်ထုတ်တွေ့ ရှိပြီ ဖြစ်သည်။ MIT သုတေသန ပညာရှင်တို့၏ အဆိုအရ အဆိုပါခြောက်ဖက်မြင် ပုံရိပ်များတွင် သုံးဖက်မြင် ရုပ်ထွက်စနစ် အပြည့်အ၀ ပါဝင်ပြီး ယင်း၆ဖက်မြင်ပုံရိပ်များမှာ ပတ်ဝန်းကျင်ကို တုံ့ပြန်တတ်ပြီး အရိပ်နှင့် ထူးခြားမှုရှိသည့် အရောင်များကိုလည်း ဖော်ပြနိုင်ကြောင်း သိရသည်။

အဆိုပါခြောက်ဖက်မြင်ပုံရိပ်များ  သည်အလင်းရောင်ရိုက်ခတ်မှုအပေါ် မူတည်၍ ရောင်ပြန်ဟပ်ပုံခြားနား စွာဖော်ပြနိုင်ကြောင်းသိရသည်။ ဥပမာအားဖြင့် ပြူတင်းပေါက်တစ် ခုမှ အလင်းရောင်ကျရောက်လာ ပုံမျိုးအပေါ်မူတည်၍ပုံရိပ်များအမျိုး မျိုး ပြောင်းလဲခြင်းမျိုးဖြစ်ကြောင်း ရပ်စကာကရှင်းလင်းပြောကြားသည်။ ယခုဖော်ထုတ်တွေ့ရှိသည့်  6D နည်းပညာမှာ မှန်ဘီလူးနှင့်ဖန်သား ပြင်ဖွဲ့စည်းပုံများအပေါ် အခြေခံ၍ ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း သိရသည်။ ပါမောက္ခရပ်စကာနှင့် အဖွဲ့က ၆ဖက်မြင်ပုံရိပ်များရရှိရန် ရုပ်ပုံတစ်ခုအပေါ်တွင်  ဒေါင်လိုက်မျဉ်းများ မြင်လာစေနိုင်သည့် လေးထောင့်မှန်ဘီလူးအသေးစားများကို အသုံးပြုခဲ့ရကြောင်းသိရသည်။ ထို နည်းအားဖြင့် လမ်းမထက်တွင် ကားဖြတ်သန်းသွားပုံမျိုးကို တုပဖန်တီး နိုင်ကြောင်း သိရသည်။  6D  နည်းပညာကိုစီးပွားဖြစ် ထုတ်လုပ်ရန်မှာမူအနည်းဆုံး၁၀နှစ် ခန့်အချိန်ယူရဦးမည်ဟု ရပ်စကာကဆိုသည်။ အကြောင်းမှာ လက်ရှိ 6D  ပုံရိပ်များရရှိရန် Pixel  တစ်ခု၏ ဓာတ်ခွဲခန်းကုန်ကျစရိတ်မှာ ဒေါ်လာ ၃၀ရှိနေပြီး ပီပြင်သော 6D  ပုံရိပ် တစ်ခုအတွက် pixel  ထောင်ပေါင်း များစွာ လိုအပ်မည်ဖြစ်၍ ကုန်ကျစရိတ် ကြီးမြင့်မည်ဖြစ်ကြောင်း သိရသည်။          

 

 

LATEST NEWS

IJ CARTOON