|
Tuesday, 19 August 2008 07:09
|
|

၁၉၉ဒေါ်လာတန် Wal-Mart PC တွေထုတ်လုပ်ရင်း နာမည်ရလာတဲ့ gOS ကုမ္ပဏီကနေ နောက်ဆုံးပေါ် Liunx Operating System ဖြစ်တဲ့ gOS3 Gadgets ကို ထုတ်လုပ်ပြီဖြစ်ပါတယ်။
gOS3 Gadget Linux ဗားရှင်းသစ်ဟာ Google Gadgets နဲ့ တိုက်ရိုက်ချိတ် ဆက်ထားမှာဖြစ်တဲ့အတွက် iGoogle နဲ့ Google Gadget က application တစ်သိန်းကျော်ကို ရယူသုံးစွဲခွင့်ရှိလာမှာ ဖြစ်ပါတယ်။ အဆိုပါ app တွေဟာ ဂရပ်ဖစ်ပိုင်းအရ ကြီးမားပေမယ့် အင်တာနက်ကနေ စက္ကန့် ပိုင်းအတွင်း ကွန်ပျူတာမှာ ရယူပြီး install ပြုလုပ်နိုင်တဲ့အထိ သေးငယ်တယ်လို့ သိရပါတယ်။ ဒီ Operating system အသစ်မှာ WINE 1.0, Lightweight XDesktop (LXDE) နဲ့ Linux အတွက် ထုတ်လုပ်ထားတဲ့ အခြား Google Software တွေ ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။
|