|
Friday, 22 January 2010 15:35
|
|

ပြီးခဲ့တဲ့အပတ်က Nexus One စမတ်ဖုန်းကိုထုတ်ဖော်ပြသခဲ့ပြီးနောက် Google ဟာ အခြားသောလုပ်ငန်းနယ်ပယ်များထဲ တဖြည်းဖြည်းတိုးဝင်နေပြီး၊ ၎င်းရဲ့မူလလုပ်ငန်း search service ကို အရေးမစိုက်တော့တာကြောင့် ကုမ္ပဏီဟာ အန္တရာယ်ကြီးမားလာနေကြောင်း ဆန်းစစ်သူများကပြောကြားလိုက်ပါတယ်။
Enderle Group မှဆန်းစစ်သူ ရော့ဘ်အန်ဒါလီကတော့ Google ရဲ့ စီးပွားရေးနယ်ပယ်ချဲ့ထွင်မှုနဲ့ပတ်သက်လို့ “ဖုန်းလုပ်ငန်းနယ်ပယ်ဟာ အရှိန်အဟုန်နဲ့ရွေ့လျားနေတာပါ။ ဒါကြောင့်သူတို့နဲ့အမီလိုက်ဖို့ အထူးကြိုးစားရပါမယ်။ ဒါပေမဲ့ Google ကတော့ အန္တရာယ်တစ်ချို့ရှိနေပါပြီ။ အလုပ်တွေအများကြီးကို ခွလုပ်ဖို့ကြိုးစားရင်း ကိုယ့် customer တွေအပေါ် အာရုံစိုက်ရမှာတွေကို ဆုံးရှုံးတတ်ပါတယ်။ Google ဟာယခုတော့ အဲ့သလိုအန္တရာယ်မျိုးရှိနေပါပြီ” လို့ပြောခဲ့ပါတယ်။ Google ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၁၁ နှစ်ကစလို့ search engine အဖြစ်ရပ်တည်လာခဲ့ကာ အောင်မြင်မှုကြီးမားလာခဲ့ပြီး၊ search ဈေးကွက်အတွင်းမှာလည်း ဈေးကွက်ဝေစု ၆၄ ရာခိုင်နှုန်းအထိရရှိထားပါတယ်။ ဒါပေမဲ့ Google ရဲ့အမှုဆောင်တွေကတော့ လုပ်ငန်းကိုချဲ့ထွင်ဖို့ အမြဲကြိုးပမ်းခဲ့ပြီး search tool တွေဖြစ်တဲ့ Google Maps, Google Earth တို့အပြင်၊ Gmail application ကိုထုတ်လုပ်ရာမှာလည်း ထပ်မံအောင်မြင်ခဲ့ပါတယ်။ Google ဟာယခင် နှစ်ကလည်း Microsoft ရဲ့ IE browser ကိုယှဉ်ပြိုင်ဖို့ပစ်မှတ်ထားပြီး Chrome browser ကိုလုပ်ဆောင်နေပါတယ်။ ဒါ့အပြင်မကြာမီကပဲ Google Wave ကို user နဲ့ developer ပေါင်းတစ်သိန်းကျော်ထံ စမ်းသပ်သုံးစွဲဖို့ဖြန့်ချိခဲ့ပါတယ်။
|