International News
iPhone နှင့် iPod တို့ဖြင့်အသုံးပြုနိုင်သည့် Universal L5 Remote Print E-mail
Saturday, 16 January 2010 14:21

လွန်ခဲ့သောရက်ပိုင်းအတွင်း ဖလော်ရီဒါအခြေစိုက်ကုမ္ပဏီတစ်ခုမှ iPhone  နှင့် iPod Touch တို့ဖြင့်တွဲဖက်၍ Universal remote အနေဖြင့် အသုံးပြုနိုင်သည့် Hardware အသစ်တစ်မျိုးထွက်ပေါ်လာကြောင်း ကြေညာပြောကြားခဲ့ပါတယ်။

၎င်းရီမုတ်ဟာ L5 နည်းပညာကိုအခြေခံထားသော L5 ရီမုတ်ဖြစ်ပြီး ၁.၅ လက်မအ ရွယ်သာရှိပါတယ်။ L5  ရီမုတ်နှင့်အတူ ၀.၈၅ လက် မအရွယ် infrared transceiver  ပါဝင်လာပြီး connector  မှတဆင့် အသုံး ပြုလိုသည့် device  နှင့်ချိတ်ဆက်ပေး ရမှာပဲဖြစ်ပါတယ်။ ထို့ပြင် L5  ရီမုတ်ဟာအသုံးပြုသူမှ interface  များပြန် လည်ပြုပြင်နိုင်စေရန်လည်းဆောင်
ရွက်ထားပြီး function  များပြောင်းလဲ ထားနိုင်ပါတယ်။ ထို L5  ရီမုတ်ဟာ စက်အားလုံးနှင့်အသုံးပြုနိုင်သော ရီမုတ်ဖြစ်ပြီး iPhone  နှင့် iPod  မော် ဒယ်များနှင့်တွဲဖက်အသုံးပြုနိုင်ပါ
တယ်။ ထို့ပြင်၎င်းင်းရီမုတ်အတွင်း button code  ပေါင်း၁သိန်းနှင့် Configuration  ပေါင်းတစ်ထောင်ထည့် သွင်းထားနိုင်ပါတယ်။ ထိုရီမုတ်ဟာ အသုံးပြုလိုသည့် device  နှင့်ချိတ် ဆက်အသုံးပြုနိုင်ပြီး ထပ်မံ၍ external power  ပေးရန်မလိုအပ်ပါဘူး။ L5  ရီမုတ်၏ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း စတင်ရောင်းချမည်ဖြစ်ကြောင်းသိရှိရပါတယ်။

 

 

LATEST NEWS

IJ CARTOON