|
Tuesday, 13 October 2009 12:05
|
အင်တာနက်ယိုပေါက်အားနည်းချက်မှတဆင့် ထောင်ပေါင်းများစွာသော Windows Live Hotmail အသုံးပြုသူများ၏ username နှင့် password များခိုးယူခြင်းခံခဲ့ရကြောင်း Microsoft မှအတည်ပြုပြောကြားခဲ့ပါတယ်။
ထို့ပြင် Gmail နှင့် Yahoo Mail တို့ဟာလည်း ထိုတိုက်ခိုက်မှုကိုခံခဲ့ရပြီး account အရေအတွက်အများအပြားကိုတိုက်ခိုက်ခဲ့သော Phishing Attack ဖြစ်ကြောင်း သိရှိရပါတယ်။ ကုမ္ပဏီမှပြောကြားချက်အရ Web-based e-mail ဆား ဗစ်အတွင်း ၀င်ရောက်တိုက်ခိုက်ခြင်းမဟုတ်ပဲ အချို့သောအားနည်းချက်နှင့် သတိလစ်ဟင်းမှုအချို့ကြောင့်သာ account information ခိုးခံရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ Microsoft မှထုတ်ဖော်ပြောကြားချက်အရ ယခုအချိန်မှာတိုက်ခိုက်ခံရသော Hotmail account များအားပိတ်ပင်ထားခဲ့ပြီး အသုံးပြုသူများအတွက် tool များထုတ်လုပ်ပေးမည်ဖြစ်ကြောင်း ခိုးယူခံရသော account များကိုလည်း ပြန်လည်ထိန်းချုပ်ရယူနိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။ မကြာသေးမီကာလက စက်ရုံအလုပ်ရုံများအတွင်း phishing တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး ဟက်ကာများဟာ အသုံးပြုသူများ၏ account များရရှိသွားခဲ့ပြီး ယခုလိုဆက်လက်တိုက်ခိုက်မှုများရှိလာခြင်းဖြစ်ကြောင်း Google မှပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ ထို့ပြင် Anti-phishing Working Group (APWG) မှဥက္ကဋ္ဌဖြစ်သူ Doue Jevans မှလည်းကြီးမားတဲ့ phishing တိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့တဲ့ဇွန်လအတွင်းမှာလည်း phishing တိုက်ခိုက်မှု ၅၀၀၀၀ ခန့်ရှိကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ သတင်းဌာနတစ်ခုမှတင်ပြချက်အရ ယခုလိုတိုက်ခိုက်မှုတွင် Gmail, Yahoo Mail, AOl, Comcats နှင့် Earthlink များပါဝင်ခဲ့ပြီး account ပေါင်း ၂၀,၀၀၀ ကျော်ထိခိုက်ခဲ့ကြောင်း သိရှိရပါတယ်။ Microsoft မှစစ်တမ်းအရ Hotmail အသုံးပြုသူဦးရေဟာ သန်း ၄၀၀ ခန့်ရှိပြီးအချို့ကတော့ ၎င်းတို့၏ password များအား ပြောင်းလဲအသုံးပြုခဲ့ကြောင်းသိရှိရပါတယ်။
|