International News
World Smallest Printer Print E-mail
Monday, 28 September 2009 10:49
အင်္ဂလန်အခြေစိုက်ကုမ္ပဏီဖြစ်တဲ့ PrintDreams ကုမ္ပဏီဟာ ကမ္ဘာ့အသေးငယ်ဆုံးပရင်တာဖြစ်တဲ့ PrintBrush ကိုထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။ ဒီ PrintBrush ပရင်တာဟာ A4  အရွယ်စာရွက်များကို 600 dpi resolution  အဖြူအမည်းဖြင့် ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ပရင်တာကိုလက်ဖြင့်ရွေ့လျားကာ အသုံးပြုရမှာဖြစ်ပြီး PDA, မိုဘိုင်းဖုန်းတွေနဲ့လက်တော့ပ်တွေကတဆင့် စာရွက်များနှင့်အခြားအရာဝတ္ထုများပေါ်တွင် ရိုက်နှိပ်အသုံးပြု နိုင်မှာဖြစ်ပါတယ်။ မည်သည့်ပုံသဏ္ဌာန်၊ မည်သည့်အရွယ်အစားမရွေးပဲ ရိုက်နှိပ်နိုင်မှာဖြစ်ပြီး ပရင်တာရဲ့လုပ်ဆောင်ချက်ဟာလည်း တိတ်ဆိတ်လွန်းတာကြောင့် အစည်းအဝေးလိုနေရာမျိုးတွေမှာအသုံးပြုဖို့ သင့်တော်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပရင်တာရဲ့အလေးချိန်ဟာ ၂၅၀ ဂရမ်သာရှိပြီး Wi-Fi, Bluetooth  ဒါမှမဟုတ် infrared တွေကတဆင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ PrintBrush ပရင်တာကို ယခုနှစ်ကုန် ဒါမှမဟုတ်လာ မယ့်၂၀၁၀ နှစ်ဦးပိုင်းတွင်စတင်ရောင်းချမှာဖြစ်ပြီး တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၂၀၀ နီးပါးဖြစ်ကြောင်းသိရပါတယ်။
 

LATEST NEWS

IJ CARTOON