|
Thursday, 06 November 2008 |
CloudAV ဟာ Multiple antivirus application တွေနဲ့ scans user file တွေကို ဆာဗာတွေရဲ့ ကွန်ရက်မှာ သုံးစွဲနိုင်ဖို့ ပေါင်းစပ်ပေးထားတဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ဒီပရိုဂရမ်ဟာ မစ်ရှိ ကန်တက္ကသိုလ်ကနေ ရေးစွဲခဲ့တာ ဖြစ်ပါတယ်။ CloudAV မှာပါတဲ့ antivirus ကာကွယ်မှုကို Trend Micro အပါအ၀င် လုံခြုံရေး ကုမ္ပဏီအများအပြားက ထောက်ခံချက်တွေ ပေးထားကြတာဖြစ်ပါတယ်။
CloudAV ဟာ အခြားသော antivirus ပရိုဂရမ်နဲ့ မတူတာကတော့ မသင်္ကာတဲ့ဖိုင်တွေကို ဖွင့်လိုက်တာနဲ့ သို့မဟုတ် လက်ခံရရှိ လိုက်တာနဲ့ သတိပေးချက်တွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။ သုတေသီတွေက virus တွေ ကို ၈၈ ရာခိုင်နှုန်းအထိ ရှာပေးနိုင် မှာဖြစ်ပြီး malware တွေကို ၉၉ ရာခိုင်နှုန်းအထိ ဖမ်းပေးမှာဖြစ် တယ်လို့ ဆိုပါတယ်။ Antivirus ဆော့ဖ်ဝဲရဲ့ definitionတွေကို စောင့်စရာမလိုဘဲ CloudAV ကို ဆက်သွယ်လိုက်တာနဲ့ အလို အလျောက် ကာကွယ်ပေးပြီးသားဖြစ်သွားမှာပါ။
|