GMATစာမေးပွဲဖြေဆိုသူမရှိ သလောက်နည်းပါး Print E-mail
Tuesday, 21 October 2008
ရန်ကုန်၊ အောက်တိုဘာ ၁၄
 သြဂုတ်လမှစတင်၍မြန်မာနိုင်ငံတွင်ပထမဦးဆုံး အကြိမ်အဖြစ်အွန်လိုင်းမှတစ်ဆင့်ဖြေဆိုရမည့် နိုင်ငံတကာတက္ကသိုလ်များတွင် MBA သင်တန်းတက်ရောက်ခွင့်လျှောက်ထားရာတွင်ပူးတွဲပေးပို့ပေးသည့် GMAT စာမေးပွဲအားယခုလက်ရှိအချိန်အထိဖြေဆိုသူမရှိသလောက် နည်းပါးနေသေးကြောင်း သိရှိရသည်။ “မြန်မာနိုင်ငံမှာ GMAT  ဖြေ လို့ရတယ်ဆိုတာမသိသေးတာလည်းပါသလို၊ နိုင်ငံခြားမှာဘွဲ့လွန်သွား တက်ရမှာဖြစ်တဲ့အတွက်တခြား မိုက္ကရိုဆော့ဖ်စာမေးပွဲတွေလို ချက်ခြင်းဆုံးဖြတ်ပြီး အချိန်တိုတိုနဲ့ ၀င်မဖြေဖြစ်တာလည်းပါပါတယ်။ ဘွဲ့လွန်ပညာရပ်တစ်ခုဖြစ်တဲ့အတွက်လူတိုင်းဝင် ရောက်မဖြေဆိုနိုင်သလို ပြည်ပတက္ကသိုလ်တွေမှာဖွင့်လှစ်သင်ကြားပေးနေတဲ့ MBA  အတန်းတွေရဲ့အကြောင်း တွေကိုသေသေ ချာချာသိထားဖို့လည်းလိုပါတယ်။ ဖြစ်နိုင်တာတစ်ခုကနိုင်ငံတကာစီး ပွားရေးတက္ကသိုလ်တွေရဲ့ပညာသင် နှစ်ကျောင်းဝင်ခွင့်လျှောက်လွှာ ပေးပို့တဲ့အချိန်မရောက်သေးလို့ ဘဲဖြစ်နိုင်ပါတယ်”ဟု VUE  စင်တာတစ်ခုဖြစ်သော Myanmar Inspiration မှတာဝန်ရှိသူတစ်ဦးကအင်တာနက်ဂျာနယ်သို့ပြောသည်။ GMAT စာမေး ပွဲများတွင်အွန်လိုင်းမှဖြေဆိုရာ၌ တစ်နှစ်ပတ်လုံးမိမိတို့ကြိုက်နှစ်သက်ရာအချိန်မရွေးဖြေဆိုင်နိုင် ကြောင်းသိရပြီး GMAT  ရလဒ်များကိုမိမိလျှောက် ထားလိုသောတက္ကသိုလ်နှင့်စီးပွားရေး စီမံခန့်ခွဲမှုကျောင်းများသို့တိုက်ရိုက် ပေးပို့နိုင်ပြီးထို သို့ပေးပို့ရာတွင်ကျောင်း ၃ကျောင်းအထိအခမဲ့ပေးပို့နိုင်ကြောင်း သိရသည်။

Comments

Search




Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
adobe cs4 buy cheap adobe, buy autodesk softwarecheap software