www.myanmarmedicine.com Print E-mail
Wednesday, 24 September 2008

ဒီတစ်ပတ် အင်တာနက်ဂျာနယ်ရဲ့ မြန်မာ ၀က်ဘ်ဆိုက် အညွှန်းကဏ္ဍမှာ အင်တာနက်ဂျာနယ် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက်ကတော့ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။

 www.myanmarmedicine.com  ဆိုတဲ့ ဒီဝက်ဘ်ဆိုက်မှာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေအနေနဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ဆေးပညာရပ်တွေနဲ့ ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ဖော်ပြပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ အဓိကပါရှိတဲ့ ကဏ္ဍတွေ အနေနဲ့ ဆေးပညာနဲ့ ဆေးဝါး အကြောင်းအရာတွေ ဖော်ပြပေးထားတဲ့ ကဏ္ဍတွေအပြင် အွန်လိုင်း ကျန်းမာရေး ဗဟုသုတကဏ္ဍ၊ ဆေးရုံနဲ့ ဆေးပေးအခန်းတွေရဲ့ကဏ္ဍ၊ အလှအပနဲ့ ကျန်းမာရေး ကဏ္ဍတွေနဲ့ ဆေးပညာ မဂ္ဂဇင်း ဂျာနယ်ကဏ္ဍ စတာတွေပါရှိတဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး သိဖွယ်မှတ်ဖွယ် ဗဟုသုတတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
 ဒီဝက်ဘ်ဆိုက်မှာပါရှိတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းတွေ အနေနဲ့ ပြည်တွင်း ကျန်းမာရေး လှုပ်ရှားမှု သတင်းတွေ၊ ဆွေးနွေးပွဲတွေအပြင် နိုင်ငံတကာမှ ကျန်းမာရေးဆိုင်ရာ သတင်းအချက် အလက်တွေကို စုစည်းဖော်ပြ ပေးထားပါတယ်။ ကျန်းမာရေးဆိုင်ရာသတင်း ဗဟုသုတတွေအနေနဲ့ ကလေးကျန်းမာရေးမှအစ သွား ဘက်ဆိုင်ရာ၊ မျက်စိ၊ နား၊ အဆုတ် စသည်ဖြင့် ရောဂါအကြောင်းနဲ့ ကျန်းမာရေး ဗဟုသုတတွေ လေ့ လာဖတ်ရှုနိုင်မှာ ဖြစ်တဲ့အတွက် ၀င်ရောက် လေ့လာကြည့်ရှုသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။

 

www.myanmarmedicine.com

Comments

Search







Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
adobe cs4 buy cheap adobe, buy autodesk softwarecheap software