|
Monday, 15 September 2008 |
|

ကိုလံဘီယာနိုင်ငံရဲ့ ကယ်လ် ဒတ်စ်ဒေသမှာရှိတဲ့ ကလေးငယ် ပေါင်း ၆၅,၀၀၀ လောက်ဟာမ ကြာမီမှာပဲ XO Laptop တစ်လုံး စီကို ရတော့ မယ်လို့သိ ရပါတယ်။ ဒါဟာ ““ကလေးတစ်ဦး၊ လက်ပ်တော့တစ်လုံးအစီအစဉ်”” One Laptop Per Child Programme ရဲ့ ဈေးပေါတဲ့ PC တွေကိုကျောင်းသား လူငယ်လေးတွေလက်ထဲအရောက်ဖြန့်ပေးမယ့် ကျေးဇူး ကြောင့်ဖြစ်ပါတယ်။
OLPC ဟာဖွံ့ဖြိုးဆဲ နိုင်ငံတွေက ကလေးငယ်တွေရဲ့ ပညာရေးအခွင့်အလမ်း ကိုနည်းပညာနဲ့မြှင့်တင်ဖို့ရည်ရွယ်တာပါ။ မြို့ငယ်လေးတွေနဲ့ ကျေးလက်ပိုင်းဒေသတွေကတော့ ပထမဆုံးအနေနဲ့ XO Laptops ၁၅၀၀၀ ရမှာပါ။ ပြီးတော့မှ ဒီဒေသရဲ့ကျန်တဲ့ မြို့ကြီးတွေမှာ နောက်ထပ် ၁၈ လအတွင်း laptop ၅၀,၀၀၀ ကိုဖြန့်ဝေသွားမှာပါ။ ကယ်လ်ဒတ်စ်ဒေသ ရဲ့အုပ်ချုပ်ရေးမှူး မာရီယိုအရစ်စတီ ဇာဘယ်လ်က ဒေသခံအာဏာပိုင်တွေဟာ နယူးယော့ခ်၊ ဘာလင်၊ တိုကျိုလို ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက ကလေးငယ်တွေလိုပဲ အသိပညာရှာဖွေမှု အခွင့်အရေး ညီတူညီမျှရကြစေဖို့အတွက် ဒေသရဲ့မူလတန်း အရွယ်ကျောင်းသားအားလုံး ကို laptopု တွေပေးနိုင်ဖို့ရည်ရွယ် ထားတယ်လို့ဆိုပါတယ်။ OLPC ဟာ ပြည်နယ် မြို့တော် မနီဇာလေးမှာလည်း ကျောင်းတွေ မှာသုံးဖို့ XO Laptop တွေဝယ်ယူရေးညှိနှိုင်းနေဆဲရှိပါတယ်။ OLPC ရဲ့အစောပိုင်း ကကြွေးကြော် ချက်တွေထဲမှာ တော့ ဒေါ်လာ ၁၀၀ လောက်ပဲတန်တဲ့ ဈေးသက်သာတဲ့ Laptop့ တွေဖန်တီးပြီး အလုံး ရေပေါင်းသန်းနဲ့ချီရောင်းချရဖို့ရည်ရွယ်ထားတာပါ။ ဒါပေမယ့် ဖောင် ဒေးရှင်းဟာ ဒီမူလရည်မှန်းချက် တွေကိုဖြည့်ဆည်း ဖို့မတတ်နိုင်သေး ပါဘူး။ လတ်တလောမှာပဲ Lap- topဲ တစ်လုံးစီရဲ့တန်ဖိုးဟာ ၁၈၈ ဒေါ်လာဖြစ်နေပြီး OLPC ဟာ အ လုံးရေ ၆၀၀,၀၀၀လောက်တော့ ရောင်းထားပြီးပါပြီ။ ပြီးခဲ့တဲ့မေလ အလယ်ပိုင်းတုန်းကတော့ OLPC အုပ်စုဟာ ၎င်းင်းတို့ရဲ့ XO Laptop တွေပေါ်မှာ Windows XP ရဲ့ Operating System ကိုတင်ဖို့ သ ဘောတူခဲ့ပါတယ်။ ဒီပရောဂျက်မှာ ဒုတိယ မျိုးဆက် laptop တွေအတွက် touch-screen နှစ်ခုတွဲ e-book လည်းပါမှာဖြစ်ပါတယ်။ တည်ထောင် သူဖြစ်သလို လက်ရှိ မှာ OLPC ရဲ့ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာနီကိုးပွန်တီက အဲဒီ Lap-top ကို ၂၀၁၀ လောက်မှာ ဖြန့်ချိ သွားမှာဖြစ်ပြီး ဈေးနှုန်းကလည်း သူတို့မူလက မျှော်မှန်းထားခဲ့သလို ၇၅ ဒေါ်လာလောက်ပဲဖြစ်မယ်လို့ ပြောပါတယ်။
|