ဆမ်ဆောင်းက ပြောင်းမှထုတ်ယူနိုင်မည့် Eco Mobile phone ကို တီထွင် Print E-mail
Monday, 25 August 2008

 

Samsung ဟာ ပထမဆုံးအနေနဲ့ ပြောင်းကိုအခြေခံထုတ်လုပ်တဲ့ bio-plastic  ကနေလုပ်မယ့် သဘာဝအခြေခံဖုန်း ecophone  ကို ဖန်တီးလိုက်နိုင်ပါပြီ။ အခုတော့ Samsung  ဟာ Nokia, NEC  တို့နဲ့အတူ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိတဲ့ green phone  တွေကို ထုတ်လုပ်နိုင်သူတွေ စာရင်းထဲဝင်လာနိုင်ခဲ့ပါပြီ။ အကောင်းဆုံးအချက်ကတော့.......

Samsung  ဟာ ခဲလို၊ မာကျူရီလို၊ codmium  လို handset  ထုတ်လုပ်ရေးဖြစ်စဉ်မှာ အသုံးများကြတဲ့သတ္တုတွေကို လျှော့သုံးနိုင်တဲ့နည်းလမ်းကို အောင်မြင်စွာရှာဖွေတွေ့ရှိသွားတာပါပဲ။ ကုမ္ပဏီ ရဲ့အဆိုအရ E 200 Eco phone  တွေမှာ ဘိုင်အိုပလတ်စတစ် တစ်တန်သုံးခြင်းအားဖြင့် ဓာတ်ဆီကနေ ထုတ်ယူရတဲ့ ပိုလီကာဘိုနိတ်ကို ယှဉ်ကြည့် ရင် CO2 2.16  တန်ကို လျှော့ချ နိုင်တယ်လို့ သိရပါတယ်။ အခုလို ပြောင်းသီးနှံကနေ ပတ်ဝန်းကျင် ထိခိုက်မှုနည်းစေတဲ့ eco-friendly  ဖြစ်တဲ့ phones  တွေ ထုတ်လုပ်နိုင်ခြင်းဟာ ကုန်ထုတ်လုပ်ရေးနဲ့ သီးနှံဈေးနှုန်းမြင့်တက်မှုကို နောက်ထပ်တိုးပွားစေမလား စိုးရိမ်ပူပန်မှုတွေလည်း ရှိနေဆဲပါ။ ပြောင်းကနေ အီသနောကိုထုတ်ယူရလို့ သီးနှံဈေးနှုန်းမြင့်တက်မှုတွေကိုတော့ ကြုံနေရပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ Samsung  ရဲ့ E 200 Eco phone  နဲ့ ၎င်းရဲ့မျိုးကွဲ W510  နဲ့ F 268  တို့ကို မရနိုင်သေးပါဘူး။ ဒါပေမယ့် ဒါဟာ ကနေ့ခေတ်ရဲ့ petroleumbased  Plastic  တွေကို သုံးနေမှုအတွက် အလှည့်အပြောင်းနည်းသစ် တစ်ရပ်ဖြစ်လာနိုင်တယ်လို့ ဆန်းစစ်သူတွေကသုံးသပ်ပါတယ်။-

Comments

Search
Only registered users can write comments!

3.26 Copyright (C) 2008 Compojoom.com / Copyright (C) 2007 Alain Georgette / Copyright (C) 2006 Frantisek Hliva. All rights reserved."

 
adobe cs4 buy cheap adobe, buy autodesk softwarecheap software